India



တပတ်တာ အာရှဆန် ဈေးနှုန်း အတက်အကျများ

တပတ်တာ အာရှဆန် ဈေးနှုန်း အတက်အကျများ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ယခု သီတင်းပတ်တွင် အာရှမှ ဆန်တင်ပို့မှုတွင် အဓိကကျသည့် အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်တို့တွင် ပို့ကုန်ဆန် ဈေးနှုန်းများ တည်ငြိမ်နေသည်။ ပြည်ပမှ ဝယ်လိုအား အသင့်အတင့်သာ ရှိသည်။ ပြည်တွင်း ဆန်ဈေးကွက်များထဲ ဆန်အဝင်နည်းနေသည်။

 

၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် RI-INBKN5-P1  အမျိုးအစား ခေါ်ဈေး  တစ်မက်ထရစ်တန်လျှင် $510-$517 ရှိပြီး ယခင်သီတင်းပတ် ဈေးနှုန်းအတိုင်း ဖြစ်ပြီး  မပြောင်းလဲပါ။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်းများသို့ ရောက်ရှိနေပြီး အမြင့်မှာ ဆန်ဈေးတည်ငြိမ်နေသည်။ 

 

“ဝယ်လိုအားက နည်းနည်း နည်းနေပေမဲ့ ရူပီးက ကန်ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ အားကောင်းနေတဲ့အတွက် ပို့ကုန်သမားတွေက ဈေးလျှော့လို့ မရဘူး။ မြောက်ပိုင်းပြည်နယ်တွေမှာတော့ ဈေးကွက်ထဲ ဆန်အဝင် လျော့ကျနေတယ်" ဟု ကာကီနာဒါမှ ဆန်တင်ပို့သူ တစ်ဦးက ပြောကြားသည်။ 

 

၅% ဆန်ကွဲပါ  ဗီယက်နမ်ဆန် RI-VNBKN5-P1  အမျိုးအစား ခေါ်ဈေး တစ်မက်ထရစ်တန်လျှင် $653  ရှိပြီး ယခင်သီတင်းပတ် ဈေးနှုန်းအတိုင်း ဖြစ်ပြီး မပြောင်းလဲပါ။ 

 

"ဗီယက်နမ်ဆန်အတွက် ပြည်ပ ဝယ်လိုအားက ဒီနှစ်မှာ အားကောင်းနေမည်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။  လယ်သမားတွေ စပါး တိုးချဲ့ စိုက်ပျိုးကြဖို့ တွန်းအားပေးနိုင်တဲ့ စျေးနှုန်းအဆင့်မှာ ဆက်ရှိနေဖို့ မျှော်လင့်ထားပါတယ်" ဟု စိုချီမင်းစီးတီးမှ ကုန်သည်တဦးက ပြောကြားသည်။ 

 

ဗီယက်နမ်ဆန် အများစုသည် လတ်တလောတွင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားသို့ တင်ပို့နေသည်။ 

 

၅% ဆန်ကွဲပါ  ထိုင်းဆန်  RI-THBKN5-P1 အမျိုးအစား ခေါ်ဈေး  တစ်မက်ထရစ်တန်လျှင်  $650  ရှိသည်။ ယခင်သီတင်းပတ် ဈေးနှုန်းအတိုင်း ဖြစ်ပြီး  မပြောင်းလဲပါ။

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့မှ အဝယ်လိုက်နေသည်။ 

ဖေဖော်ဝါရီလနှင့် မတ်လ တို့တွင် ဆန်သစ်များ ဈေးကွက်ထဲ ဝင်လာမည် ဖြစ်သည်။ လက်ရှိတွင် ဈေးကွက်ထဲ အဝင်နည်းနေသည်။ 

 Source reuters


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 13 January 2024 16:06
Rate this item
(0 votes)