India



တစ်ပတ်တာ အာရှဆန်ဈေးကွက် (အိန္ဒိယဆန် ထိုင်းဆန် ဗီယက်နမ်ဆန် )

တစ်ပတ်တာ အာရှဆန်ဈေးကွက် (ထိုင်းဆန် ဗီယက်နမ်ဆန် အိန္ဒိယဆန်)

TO GET INSTANT UPDATE 
Join Telegram Channel
ht tps://t.me/Guid4U

 

 

 

ထိပ်တန်းအချက်အချာကျသော ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံမှ တင်ပို့သည့် ဆန်ဈေးနှုန်းများသည် စပါး အလုံအလောက် မရနိုင်ဟု စိုးရိမ်မှုများကြောင့် ယခုသီတင်းပတ်တွင် ငါးနှစ်တာအတွင်း အမြင့်ဆုံးသို့ မြင့်တက်ခဲ့သည်။
.
ဝယ်လိုအား အားကောင်းနေသည့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ ပို့ကုန်ဆန် ဈေးနှုန်းများးမှာ နှစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေသည်။
.
.
၅% ဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန် RI-INBKN5-P1 အမျိုးအစား ခေါ်ဈေး တစ်တန်လျှင် ယခင် အပတ်က $409-$416 ရှိခဲ့ပြီး ယခု အပတ်တွင် $412 - $420 သို့ မြင့်တက်လာပါသည်။
ဈေး အမြင့်တန်းသို့ ရောက်ရှိနေသဖြင့် ဝယ်လိုအား အသင့်အတင့်သာ ရှိသည်။ ပို့ကုန်ဆန် ဈေးနှုန်းသည် ဆက်လက်မြင့်တက်ဖွယ် ရှိသည်။ အကြောင်းမှာ အစိုးရက အရန်ဆန်အတွက် ဝယ်ယူရာတွင် စပါးဈေးနှုန်းကို မြှင့်တင်သတ်မှတ်ပြီး ဝယ်ယူနေသဖြင့် ဈေးကွက်ထဲ ဆန် အဝင်နည်းနေသည်။
.
အယ်နီညိုသည် စပါး အဓိက ထုတ်လုပ်သည့်နေရာများ၏ အထွက်နှုန်းကို ထိခိုက်သည့်အပြင် ထိပ်တန်းတင်ပို့သူအိန္ဒိယသည် လယ်သမားများ စပါးရောင်းချခြင်းမှ ဝင်ငွေတိုးရန် ဈေးနှုန်း မြှင့်တင် သတ်မှတ်ပေးထားသဖြင့် အိန္ဒိယ ပို့ကုန်ဆန်ဈေး မြင့်တက်လာသည့်အလျောက် ကမ္ဘာ့ဆန်စျေးနှုန်းများ ၁၁ နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိနေသည်အထိ မြင့်တက်လာသည်။
.
.
၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် RI-VNBKN5-P1 အမျိုးအစား ခေါ်ဈေး တစ်တန်လျှင် $500-$510 ရှိပြီး ယခင်အပတ်က ဈေးအတိုင်း အမြင့်ဈေးမှာ ဈေးငြိမ်နေသည်။

ဝယ်လိုအား အားကောင်းပြီး ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ ပို့ကုန်စာချုပ်များအတွက် အချိန်မီ တင်ပို့ပေးနိုင်ရန်အတွက် လယ်သမားများထံမှ စပါးကို အလျင်စလို ဝယ်ယူနေကြသည်။ ပြည်ပဝယ်လိုအားသည် ယခုနှစ်ကုန်အထိ ဆက်ကောင်းနေဦးမည်ဟု ခန့်မှန်းထားကြသည်။
.
ဗီယက်နမ်ဆန်ကို အာဖရိက၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ထံ အဓိကအားဖြင့် တင်ပို့နေသည်။
.
.
၅% ဆန်ကွဲပါ ထိုင်းဆန် RI-THBKN5-P1 ခေါ်ဈေး တစ်တန်လျှင် $515 ရှိသည်။ ယခင်အပတ်က ဈေးအတိုင်း အမြင့်ဈေးမှာ ဈေးငြိမ်နေသည်။
ဈေးအမြင့်မှာ ဆက်ရှိနေသည်မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား နှင့် အာဖရိကနိုင်ငံအချို့တို့ထံမှ ဝယ်လိုအား ဆက်ကောင်းနေသောကြောင့် ဖြစ်သည်။ ၎င်းနိုင်ငံများသည် အယ်နီညိုကြောင့် မိုးခေါင်နိုင်သဖြင့် ဆန်များ ဝယ်ယူတင်သွင်းကာ သိုလှောင်နေကြသည်။
.
Source Reuters

TO GET INSTANT UPDATE 

Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 07 July 2023 18:16
Rate this item
(0 votes)