Japan

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်မှာ ရေပန်းစားတဲ့ သီးညှပ်ပေါင်မုန့်

သီးညှပ်ပေါင်မုန့် ထုတ်လုပ်ရောင်းချခဲ့တာ ကြာပါပြီ။


၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်းမှာ ရေပန်းမစားခဲ့ဘူး။ တချို့က ပေါင်မုန့်ကို စတော်ဘယ်ရီယို သုတ်တဲ့အစား စတော်ဘယ်ရီသီး လတ်လတ်ဆတ်ဆတ်တွေ ပေါင်မုန့် နှစ်ချပ်ကြားမှာ ထည့်ပြီး သီးညှပ်ပေါင်မုန့်အဖြစ် ထုတ်လုပ်ရောင်းချခဲ့ကြတယ်။ လူကြိုက်မများခဲ့ဘူး။ လူအများစုက သားညှပ်ပေါင်မုန့်ကိုပဲ စားနေကျ ဖြစ်လို့ သားညှပ်ပေါင်မုန့်ကိုပဲ ရွေးချယ်ကြတယ်။
၂၀၁၀ ပြည့်နှစ်အလွန်မှာတော့ လူတွေရဲ့ ရွေးချယ်မှု ပြောင်းလဲသွားတယ်။ သီးညှပ်ပေါင်မုန့်အမျိုးမျိုးကို လူတွေ ကြိုက်နှစ်သက်လာကြပြီး စတင်ရေပန်းစားလာတယ်။ နောက်တော့ အတော်ရေပန်းစားတဲ့အဆင့်အထိ ရောက်လာတယ်။ အထူးသဖြင့် ဂျပန်ပြည်တွင်းဈေးကွက်မှာ အဝယ်လိုက်တယ်။
“ပထမ တစ်ချက်က ဂျပန်မှာ ရောင်းချတဲ့ သီးညှပ်ပေါင်မုန့်တွေမှာ လတ်ဆတ်တဲ့ အသီးအမျိုးအမည် အတော်စုံလင်တယ်။ အရင်တုန်းက စတော်ဘယ်ရီ ညှပ်ပေးထားတဲ့ သီးညှပ်ပေါင်မုန့်တွေပဲ ရှိခဲ့တယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတော့ ကီဝီ၊ လိမ္မော်၊ သရက်၊ နာနတ်၊ စပျစ် စသဖြင့် အမျိုးမျိုး ရွေးချယ်စရာတွေ ရှိလာတယ်။ ဒီတော့ သီးညှပ်ပေါင်မုန့်တွေကို ဆိုင်မှာ ခင်းကျင်းထားတဲ့အခါ အရောင်စုံပြီး လှပနေတယ်။ နောက်တစ်ချက်က ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ SNS, Instagram နဲ့ twitter တို့ ဂျပန်မှာ လူသုံးများသည်ထက် ပိုများလာတယ်။ လူတွေက အမြင်လှတဲ့ စားစရာပုံတွေကို တင်ကြတော့ သီးညှပ်ပေါင်မုန့်ပုံတွေကိုလည်း တင်ကြလို့ လူသိပိုများသွားတယ်။ လှတပတ သီးညှပ်ပုံတွေကို စဲလီတွေက သူတို့ရဲ့ အကောင့်မှာ တင်ကြတယ်။ ဒီတော့ ပရိသတ်က စိတ်ဝင်စားတယ်။ ဝယ်စားကြတယ်။ အခုထက်ထိ ရောင်းကောင်းနေတုန်းပဲ” လို့ သီးညှပ်ပေါင်မုန့်ဆိုင် ပိုင်ရှင် Ryo Takeshita က ရှင်းပြတယ်။
“အခုဆိုရင် သီးညှပ်ပေါင်မုန့် အမျိုးမျိုးကို သီးသန့်ရောင်းတဲ့ဆိုင်တွေ ဖွင့်လာကြတယ်။ တခြားဆိုင်တွေမှာလည်း တင်ရောင်းကြတယ်။ စတိုးဆိုင်တွေကအစ တင်ရောင်းကြတယ်။ စီးပွားဖြစ်ထုတ်လုပ်ရောင်းချတဲ့ သီးညှပ်ပေါင်မုန့်တွေ ဝယ်စားကြတဲ့အပြင် အိမ်မှာလည်း သီးညှပ်ပေါင်မုန့်တွေ လုပ်စားကြတယ်။ ဂျပန်မှာ မူလတန်းကျောင်းတွေနဲ့ အလယ်တန်းကျောင်းတွေမှာ အရမ်းပေါ်ပြူလာ ဖြစ်တယ်။ အမေတွေက သူတို့ကလေးတွေရဲ့ မုန့်ဘူးထဲမှာ သီးညှပ်ပေါင်မုန့် ထည့်ပေးလိုက်ကြတယ်။ ကောင်းချက်ကဘာလဲဆိုတော့ အသီးလတ်လတ်ဆတ်ဆတ်ကို ကလေးက စားရတဲ့အတွက် ကလေးအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ အမျိုးမျိုးကို ရရှိတယ်” လို့ Ryo Takeshita က ပြောပြတယ်။

 

Astra_02.jpeg

 

 

အမြင်မှာတော့ လုပ်ရတာ လွယ်တယ်လို့ ထင်ရတယ်။ တကယ်တော့ လုပ်ရတာ လက်ဝင်တယ်။ အသီးကို အခွံနွှာရတဲ့အခါ အသားမပါအောင် နွှာမှ အကျိုးရှိမယ်လို့ သူက ပြောပြပါတယ်။

 

Astra03.png

Read times Last modified on Wednesday, 11 August 2021 13:20
Rate this item
(0 votes)