Japan



ထိုင်ဝမ်သစ်သီးဝလံ ဂျပန် အများဆုံးတင်သွင်းပြီး တရုတ်နိုင်ငံ ပထမနေရာကို ရယူ

ထိုင်ဝမ်သစ်သီးဝလံ ဂျပန် အများဆုံးတင်သွင်းပြီး တရုတ်နိုင်ငံ ပထမနေရာကို ရယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 ဂျပန်နိုင်ငံသည် ယခင်က တရုတ်နိုင်ငံမှ သစ်သီးဝလံများကို အများဆုံးတင်သွင်းခဲ့ရာမှ ယခုအခါ ထိုင်ဝမ်သစ်သီးဝလံကို အများဆုံး တင်သွင်းပါသည်။

 ထိုင်ဝမ်မှ သစ်သီးဝလံ တင်ပို့မှု တန်ဖိုးစုစုပေါင်း၏ ၄၆ ဒသမ ၂ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံသို့ တင်ပို့ကြောင်း ထိုင်ဝမ် စိုက်ပျိုးရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။

 ထိုင်ဝမ်သည် လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ၎င်း၏ ပို့ကုန်ဈေးကွက်များ ပြောင်းလဲလာကာ တရုတ်အစား အမေရိကန်နှင့် ဂျပန်တို့ဆီသို့ ရွေ့လျားခဲ့သည်။

တရုတ်သည် အစဉ်အလာအားဖြင့် ထိုင်ဝမ်၏ စိုက်ပျိုးထုတ်ကုန် ၈၀ ရာခိုင်နှုန်းကျော်ကို တင်သွင်းခဲ့သည်။

ပို့ကုန်ဦးတည်ချက်နိုင်ငံ အပြောင်းအရွှေ့ကို ထိရောက်စေရန်  ထိုင်ဝမ် စိုက်ပျိုးရေးကောင်စီသည် ထိုင်ဝမ်သစ်သီးဝလံရောင်းချသည့် လမ်းဘေး အရောင်းစက်များ တပ်ဆင်ခြင်းကဲ့သို့သော ဂျပန်နိုင်ငံတွင် ဖြန့်ဖြူးရေးနည်းလမ်းသစ်များကို စီစဉ်လျက်ရှိသည်။

 

ဂျပန်စူပါမားကတ်အများစုသည် ည ၈ နာရီတွင်ပိတ်သောကြောင့် ည ၈ နာရီနောက်ပိုင်း ဝယ်ယူလိုသူများအတွက် ဈေးရောင်းစက်များ ထားရှိပေးထားရာ ထိုင်ဝမ်သစ်သီးဝလံရောင်းချသည့် ဈေးရောင်းစက်များ ထားရှိမည် ဖြစ်သည်။

 

တရုတ်၏ ထိုင်ဝမ် စိုက်ပျိုးရေး ထွက်ကုန်များ၊ အရက်နှင့် ပင်လယ်စာများ တင်သွင်းမှု အာလုံးနီးပါးကို ရပ်ဆိုင်းလိုက်သဖြင့် ထိုင်ဝမ်သည် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံကို ပိုမိုအာရုံစိုက်လာခဲ့သည်။

 

ဂျပန်သည် ထိုင်ဝမ်မှ ကျွဲကော်သီးများနှင့် အခြားသစ်သီးဝလံများ ၉၃ တန် တင်သွင်းခဲ့သည်ဟု ထိုင်ဝမ် စိုက်ပျိုးရေးကောင်စီက ပြောကြားသည်။ 

 

၂၀၂၂ တွင် ဂျပန်သည် ထိုင်ဝမ်မှ နာနတ်သီး ကန်ဒေါ်လာ ၂၄.၀၅ သန်းဖိုး တင်သွင်းခဲ့သည်။

 

ဂျပန်သို့ လက်ဖက်ခြောက် တင်ပို့သည့် ပမာဏ။ မြင့်တက်ခဲ့သည်။ တန်ချိန် ၆၀၀ တင်ပို့ခဲ့သည်။

ပဲပုပ်ဆီ ၁၀,၂၃၈ တန် တင်ပို့ခဲ့သည်။တန်ဖိုးမှာ ကန်ဒေါ်လာ ၁၅.၆၁ သန်းဖိုး ဖြစ်သည်။

ထိုင်ဝမ် စိုက်ပျိုးရေးကောင်စီ၏ နိုင်ငံတကာဌာနခွဲသည် မကြာသေးမီက ဂျပန်မှ စိုက်ပျိုးထုတ်ကုန် ထုတ်လုပ်ရေးကွင်းဆက်လုပ်ငန်း Wismettac Foods နှင့် သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့သည်။

လတ်ဆတ်နာနတ်သီး တန် ၃,၅၀၀ ၊ အေးခဲ နာနတ်သီး တန် ၁၀၀ ၊ ငှက်ပျောသီး တန် ၁,၅၀၀ တို့ကို ထိုင်ဝမ်မှ တင်ပို့ပေးရမည် ဖြစ်သည်။

 

အမေရိကန်သို့ ထိုင်ဝမ်မှ  စိုက်ပျိုးထုတ်ကုန် စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၄.၆၅ ဘီလီယံ တင်ပို့ခဲ့သည်။ 

 

ပဲပိစပ် အပါအဝင် ဆီထွက်အစေုအဆန်များ အမေရိကန်ဒေါ်လာ ၁.၇၁ ဘီလီယံဖိုးကို အမေရိကန်ထံမှ ထိုင်ဝမ်တင်သွင်းခဲ့သည်။ ယခင်က ရုရှားထံမှ ဝယ်ယူခဲ့ပြီး ယခုအခါ အမေရိကန်ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ 

ထိုင်ဝမ်သည် ပြီးခဲ့သောနှစ်တွင် အမေရိကန်မှ ကန်ဒေါ်လာ ၂.၁ ဘီလီယံတန်ဖိုးရှိ ကြက်သားများကို တင်သွင်းခဲ့ပါသည်။

Source taipeitimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 20 January 2023 19:46
Rate this item
(0 votes)