Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ရွှေနယုန်ဝဥစက်ရုံမှ ဝဥအစိုတစ်ပိဿာလျှင် ငွေကျပ် ၁၇၀၀ ကျော်ဖြင့် ဝယ်ယူ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများက သယ်ယူရောင်းချလာသည့် ဝဥမျိုးများကို ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ကျေးရွာ၊ ရွှေနယုန်ဝဥစက်ရုံမှ

ဝဥအစိုတစ်ပိဿာလျှင်ငွေကျပ် ၁၇၀၀ကျော်နှုန်းဖြင့် ဝယ်ယူလျက်ရှိကြောင်းသိရသည်။
“ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ကျေးရွာမှာ ရွှေနယုန်ဝဥစက်ရုံအမည်နဲ့ တည်ထောင်တာ ၂ နှစ်ပဲ ရှိပါ သေးတယ်။ စက်ရုံအရင်းအနှီးကတော့ သိန်းလေးထောင်လောက်ရှိပြီး ၁ ဒသမ ၄၅ ဧက အကျယ် ရှိပါတယ်။ အခုကတော့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်က ဝါဥအစိုတွေကို တစ်ပိဿာလျှင် ငွေကျပ် ၁၇၂၅ နှုန်းနဲ့ ပိဿာချိန် ၁၄၀၀၀ ခန့် ဝယ်ယူနေတာပါ။ ဝဥအစိမ်းတွေဝယ်ယူပြီး စက်ရုံထဲကို အခြောက်ခံပြီးတော့မှ ဂျပန်ကို အမှုန့်လုပ်ပြီးပို့တယ်။ တရုတ်ကိုအချပ်လုပ်ပြီးပို့ပါတယ်။ တရုတ်ကိုတော့ ကျွန်တော့်မိတ်ဆွေရှိတော့ တစ်ပိဿာကိုငွေကျပ် ၁၂၅၀၀နှင့် ဝယ်ပါတယ်။ ဂျပန်နိုင်ငံကတော့ တစ်ပိဿာကို ၉ ဒေါ်လာနှင့် ဝယ်ပါတယ်။

ယခုအချိန်မတိုင်ခင် အရှေ့ပိုင်းမှာတော့ ဝဥအစိုတစ်ပိဿာကို ၁၈၀၀၊ ၁၇၇၅ ကျပ်နှုန်းဖြင့် ဝယ်ယူခဲ့တာ လက်ရှိအချိန်ထိ ပိဿာချိန်ငါးသိန်းလောက် လက်ခံရရှိပါပြီ၊ ချင်းပြည်နယ်မှာဝဥစိုက်တဲ့ ကာလက လည်း ဇန်နဝါရီ၊ ဖေဖော်ဝါရီလပိုင်းဆိုကုန်တော့မှာဖြစ်တဲ့အတွက် တရုတ်က လက်ခံရင်တော့ထပ်ဝယ်ဖို့ အစီအစဉ်ရှိပါတယ်။ တချို့ကတူးဖော်ပြီးကာစ အစိုတွေကိုလာရောင်းကြတော့ ရွှံ့တွေ၊ အမွေး၊ အမျှင်တွေ ပါတော့ ဈေးစကားနည်းနည်း ပြောရတာတွေရှိပါတယ်။ တခါတလေရေဖျန်းပြီး သယ်လာတဲ့သူရှိတော့ ဝယ်ယူပြီး ငါးရက်၊ ခြောက်ရက်လောက် စက်နဲ့မလုပ်ဘဲ သိုလှောင်ထားရင်ပုပ်ကုန်လို့ ကျွန်တော်တို့မှာ အခက်အခဲရှိပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက ပခုက္ကူမြို့မှာ ချင်းလူမျိုး ဒေါ်လိန်းအွယ်နှင့်တွဲဖက်ပြီး ဝယ်ယူလက်ခံကာ ဂျပန်နှင့်တရုတ်နိုင်ငံတို့ကို ဝဥတင်သွင်းတဲ့ လုပ်ငန်းလုပ်ခဲ့ကြတာပါ။ အရင်တုန်းက မန္တလေးမြို့အပါအဝင် အခြားဒေသတွေမှာ ဝဥအခြောက်ခံတဲ့ စက်ရုံမရှိသလောက်နည်းခဲ့တာကြောင့် ချင်းပြည်နယ်မှာ ထွက်တဲ့ဝဥတွေကို အစိမ်း/ အစိုမဟုတ်ဘဲ နေပူလှန်းထားတဲ့ ဝဥအခြောက်တွေပဲဝယ်ယူခဲ့ ကြတာပါ။

အခြောက်ခံစက်ရုံပေါ်လာတာ ငါးနှစ်လောက်ပဲရှိပါသေးတယ်။ ကျွန်တော်တို့ ဝဥအခြောက်ခံစက်ရုံရဲ့ လုပ်ငန်းစဉ်တွေအနေနဲ့ ဝယ်ယူထားတဲ့ ဝဥအစိုတွေကို ကတ္တားနဲ့အရင်ချိန်တယ်။ ပြီးတော့မှ ရေဆေးစက်ထဲကို ထည့်လိုက်တယ်။ ရေဆေးပြီးတော့ Combine ဖြင့် ဓားလှီးစက်ပေါ်အထိ တင်လိုက်တယ်။ ဓားလှီးစက်က အပိုင်းပိုင်းလှီးဖြတ်ပြီးမှ အကင်ပုံစံဆန်ကာငါးဆင့်ရှိတဲ့ Container ပေါက်ထဲကိုပို့ပေးတယ်။ အဲဒီနောက် Container အပေါက်ရှိတဲ့အဆင့်တွေကိုဖြတ်ပြီး အောက်ဆုံးအကင်ပုံစံဆန်ကာငါးဆင့်မြောက်ရောက်မှ ဝဥအခြောက် ထွက်လာတာပါ။ ကျွန်တော်တို့ စက်ရုံမှာတစ်နေ့လုံး ၂၄ နာရီလုပ်ရင် တန်ချိန် ၂၀ ထွက်ပါတယ်။ ကျွန်တော်တို့ပို့လိုက်တဲ့ ဝဥကုန်ကြမ်းတွေကို ဆေးဝါးပစ္စည်းအဖြစ် တိုက်ရိုက်ထုတ်လုပ်ကြသလို ဂျပန်နိုင်ငံမှာ ဆိုရင် သူတို့ဂျပန်နာမည်နဲ့ ခုံးမျက်ခုအစားအစာအဖြစ် ထုတ်လုပ်ရောင်းချနေကြတာကိုလည်းတွေ့ရပါတယ်။

မြန်မာ့အစားအစာနဲ့ဆို ကန်စွန်းဥခေါက်ဆွဲ အရသာမျိုးရှိပါတယ်။ တရုတ်နိုင်ငံမှာတော့ နည်းပညာအရ ပိုကျယ်ပြန့်တာကြောင့် စားသောက်ကုန်မျိုးစုံနည်းပါး ထုတ်ကြပါတယ်။ ဝဥရဲ့သဘာဝအရလည်း Cholesterol free ဓာတ်ပါတာကြောင့် စားပြီးရင်ဗိုက်ပြည့်ပေမယ့် ဗိုက်ခေါက်ထူသွားတာမရှိဘူး။ ပြီးတော့ အူမကြီး လမ်းကြောင်းကိုလည်း သန့်စင်စေတယ်။ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာဖြစ်ပြီး အထူးသဖြင့် ဝတဲ့သူတွေ စားသုံးသင့်ပါတယ်။ ဂျပန်အမျိုးသမီးတွေ၊ ကိုးရီးယားအမျိုးသမီးတွေဆို ကျန်းမာရေးလိုက်စားသူတွေဆိုတော့ အဓိကဝယ်ယူစားသုံးနေကြတာကို တွေ့ရပါတယ်။ မြန်မာပြည်မှာလည်း ဂျပန်နည်းပညာအကူအညီဖြင့် စံထိပ်ထားခေါက်ဆွဲ၊ ဝဥတုန်အမျိုးအမည်များဖြင့် အစားအသောက်ထုတ်လုပ် နေကြတာတွေ့ရပါတယ်။

မြန်မာပြည်မှာတော့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာအဖြစ် မသိကြသေးလို့ အရောင်းအဝယ်နှင့် စား သုံးသူတွင်ကျယ်မှုမရှိသေးပါဘူး။ ဝယ်ယူချင်တယ်ဆိုရင်တော့ Facebook ပေါ်မှာ စံထိပ်ထား ဝဥခေါက်ဆွဲ၊ ဝဥတုန်ဆိုပြီး ရှာဝယ်လို့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင် ယခင်နှစ်အထိ ဝဥအစိုတစ်ပိဿာလျှင် အမြင့်ဆုံးဈေးနှုန်းငွေကျပ် ၂၃၀၀ အထိ ရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ ၁၇၀၀ ကျော်အထိ ဈေးကျသွားပါတယ်၊ မြန်မာပြည်မှာဆိုရင် မွန်၊ကရင်၊ ချင်းနှင့်ရှမ်းပြည်နယ်တို့အပါအဝင် အအေးပိုင်းဒေသတွေမှာ အများအားဖြင့် စိုက်ပျိုးကြတာကိုတွေ့ ရပါတယ်”ဟု ရွှေနယုန်ဝဥစက်ရုံပိုင်ရှင် ဦးညီညီလွင်က ပြောသည်။

ဆက်လက်၍ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာမှ ဝဥစိုက်တောင်သူတစ်ဦးက ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဝဥဈေးများ မတည်မငြိမ်ဖြစ်ခြင်းကြာင့် အရောင်းအဝယ်ဖြစ်ထွန်းမှုမရှိမည်ကိုစိုးရိမ်ခဲ့ကြကြောင်း၊ နှစ်စဉ်မန္တလေးမြို့သို့ သွားရောက်ရောင်းချခဲ့ကြသော်လည်း ယခုနောက်ပိုင်းမန္တလေးမြို့ရှိ ဝဥစက်ရုံများတွင် ဝယ်ယူသူမရှိသလောက်ဖြစ်နေကြောင်း အကြောင်းကြားလာသည့်အတွက် ပခုက္ကူမြို့နယ်၊ ငဖောင်ကျေးရွာ၊ ရွှေနယုန်ဝဥစက်ရုံနှင့်ဆက်သွယ်ပြီး ရောင်းချနေရကြောင်း၊ ယခု ဝဥအစိုတစ်ပိဿာကို ငွေကျပ် ၁၇၂၅ နှုန်းဖြင့် ရောင်းချနေရတာကြောင့် ယခင်နှစ် ၂၃၀၀ ကျော်အထိ ရောင်းရသည့်ဈေးနှင့်နှိုင်းယှဉ် လျှင် အရှုံးပေါ်ခဲ့ရကြောင်း ပြောသည်။

 

myotaw.news/

Read times
Rate this item
(0 votes)