Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ရေညှိထမင်းလိပ်

ရေညှိထမင်းလိပ် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဂျပန်အစားအစာ တစ်မျိုးဖြစ်တဲ့ ရေညှိထမင်းလိပ်ကို

ဆိုင်တွင် သွားရောက်စားစရာမလိုဘဲ အိမ်တွင်လည်း လုပ်စားနိုင်တဲ့ ရေညှိထမင်းလိပ်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ရေညှိဖက်ရွက်၊ ကညွတ်၊ ပြောင်းဖူးအသေး၊ သခွားသီး၊ မုန်လာဥနီ၊ ကြက်ဥကြော်၊ နှမ်းဆီမွှေး၊ ဆား၊ မရိုးနစ်တို့ လိုအပ်ပါတယ်။

 

ပြောင်းဖူးအသေး၊ သခွားသီး၊ မုန်လာဥနီ၊ ကြက်ဥကြော်တို့ကို အနေတော်အချောင်းကလေးဖြစ်အောင် လှီးဖြတ်ထားရပါမယ်။

 

ထမင်းကို နှမ်းဆီမွှေး၊ ဆား၊ မရိုးနစ်တို့နဲ့ ရောနယ်ပြီး ရေညှိပြားပေါ်တွင် ဖြန့်ခင်းပေးထားပါ။ ခင်းထားတဲ့ ထမင်းပေါ်ကို အစာပလာများ ထည့်လိုက်ပါ။ ရေညှိဘေးစွန်းနဲ့ ၁လက်မခွဲလောက်ကနေ ခွာထည့်ပြီး ခပ်ကျစ်ကျစ်လိပ်လိုက်ရင် ရေညှိထမင်းလိပ်ချောင်းလေးတွေကို ရပါပြီ။

 

ရေညှိထမင်းလိပ်ကို ပဲငံပြာရည်လေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

ရေညှိထမင်းလိပ်ချောင်းတွေကို လှီးမယ့်ဓါးက အတော်ထက်ဖို့ လိုပါတယ်။

 

ရေညှိထမင်းလိပ်ကို အပိုင်းတွေ ပိုင်းတဲ့အခါ ထက်ဝက်စီ အဆင့်ဆင့်ပိုင်းသွားရင် ပိုအဆင်ပြေ နိုင်ပါတယ်။


Read times Last modified on Monday, 17 September 2018 14:33
Rate this item
(0 votes)