Korea

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရီးယားစတိုင်လ် ထမင်းသုပ်

ပိတ်ရက်မှာ မိုးအေးအေးနဲ့ အပြင်မထွက်ချင်တဲ့ သူတွေအတွက် အိမ်မှာပဲ အလွယ်တကူလုပ်စားလို့ရအောင် ဒီရာသီဥတုနဲ့

အရမ်းလိုက်တဲ့ ကိုရီးယားထမင်းသုပ်လေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။  လုပ်ရတာ လွယ်ကူပြီး  စားလို့ကောင်းတဲ့အတွက် အခုပဲ ထမင်းသုပ်လေးကို လုပ်စားလိုက်တော့နော်....

 

ပါဝင်ပစ္စည်းများတွေကတော့  ထမင်းဖြူ၊ ငရုတ်ပွအနီ၊ သခွားသီး၊ မုန်လာဥနီ၊ မုန်ညှင်းရွက်၊ ပဲပင်ပေါက်၊ အမဲသား၊ ခရုဆီ၊ နှမ်း၊ ဆား၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ ငရုတ်ဆီ၊ ဆီတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး မုန်ညှင်းရွက်ကို ပြုတ်လိုက်ပါ။ နူးလာလျှင် ဇကာဖြင့်ဆယ်ယူပြီး ရေစစ်ထားပါ။ ပြီးလျှင် ပဲပင်ပေါက်ကို နူးအောင်ပြုတ်၍ ဇကာဖြင့်ဆယ်ယူပြီး ရေစစ်ထားပါ။

 

ပြီးနောက် ငရုတ်ပွနီ၊ မုန်လာဥနီ၊ သခွားသီး၊ တို့ကို ပါးပါးလှီးပြီး ဆားဖြင့်နယ်ထားပါ။ ရေစစ်ထားသော မုန့်ညင်းနဲ့ ပဲပင်ပေါက်ကို ခရုဆီ၊ ဆား ဖြင့်နယ်ပါ။

 

ပြီးလျှင် ကြက်သွန်ဖြူ နှင့် ချင်းကို ကြိတ်စက်တွင် ထည့်ကြိတ်ထားပါ။

 

အမဲသားကို အတုံးသေးသေးလေးများလှီးပြီး ခရုဆီ၊ ဆား၊ ကြိတ်ထားသော ကြက်သွန်ဖြူ၊ နှမ်းတို့ဖြင့် သမအောင်ရောနယ်ထားပါ။

 

ဆားဖြင့်နယ်ထားသော ငရုတ်ပွနီ၊ ကျောက်ဖရုံသခွားသီး၊ မုန်လာဥနီ၊ သခွားသီး၊ တို့ကို တစ်ခုချင်းဆီ ဒယ်အိုးထဲတွင် ဆား၊ ခရုဆီ၊ဆီ ထည်ြ့ပီးကြော်ပါ။ ပြီးရင်တော့ နယ်ထားသော အမဲသားကို ကြော်ပါ။

 

ကြက်ဥကို မကျက်တကျက် ကြော်ထားပါ။ အားလုံးပြီးလျှင် ပန်းကန်ထဲသို့ ထမင်းဖြူထည့်ပြီး ကြော်ထားသော ငရုတ်ပွနီ၊ မုန်လာဥနီ၊ သခွားသီး၊ အမဲသား၊ ကြက်ဥ တို့ကို စီပြီး ထည့်ပေးပါ။

 

ပြီးလျှင် ငရုတ်ဆီ အနည်းငယ်ထည့်၍ သမအောင်နယ်ပြီးရင်တော့ ကိုရီးယားစတိုင် ထမင်းသုပ်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

 

Read More >>>>> ကိုရီးယားစတိုင်လ် ကင်မ်ချီနဲ့ ၀က်သားကြော်

Read times Last modified on Tuesday, 18 September 2018 11:49
Rate this item
(3 votes)