Korea

×

Warning

JUser: :_load: Unable to load user with ID: 540


တုန့်ယမ်းချဉ်စပ်ချက်နည်း

ယနေ့ လူကြီး၊ လူငယ်များအကြိုက် နာမည်ကြီးပြီး လူကြိုက်များနေသော

ဟင်းတစ်ခွက်ဖြစ်သည့် ပင်လယ်စာ တုန့်ယမ်းချဉ်စပ်ဟင်းရည် ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ပင်လယ်စာအမျိုးစုံ ၆၀ ကျပ်သား၊ ကြက်ရိုးအနည်းငယ်၊ စပါးလင် အနည်းငယ်၊ ပဒဲကော အနည်းငယ်၊ မှို အနည်းငယ်၊ တုန့်ယမ်းဟင်းအနှစ် အနည်းငယ်၊ အုန်းနို့ အနည်းငယ်၊ ဂျင်းအနည်းငယ်၊ ရှောက်ရွက်အနည်းငယ်၊ ခရမ်းချဉ်သီး အနည်းငယ်၊ ကြက်သွန်နီ အနည်းငယ်၊ ငရုတ်သီးစိမ်းအနည်းငယ်နှင့် နံနံပင် အနည်းငယ်တို့ လိုအပ်ပါတယ်။

ပင်လယ်စာများကို သန့်စင်အောင် ရေဖြင့်ရေးကြောထားပါ။ ကြက်ရိုးကိုလည်း ရေဆေးကြောထားပါ။ ပြီးနောက် ကြက်ရိုးကိုအရင်ပြုတ်ပြီး အရည်ကြည်ကိုသာ ယူရမှာဖြစ်ပါတယ်။ တုန့်ရမ်းဟင်းချက်မည့် အိုးထဲကို ကြက်ပြုတ်ရည် အကြည်များ ထည့်လိုက်ပါ။

ပြီးလျှင် တုန့်ယမ်းဟင်းအနှစ်၊ ကြက်သွန်နီ၊ ပဒဲကော၊ ဂျင်း၊ ရှောက်ရွက်၊ စပါးလင်တို့ကို ထည့်၍ ပြုတ်ပါ။ ၎င်းနောက် ဟင်းခတ်မှုန့်၊ ငံပြာရည်၊ သကြားအနည်းငယ်တို့ကို ထည့်၍ အရသာကို လိုသလို မြည်းကြည့်ပြီး ထပ်ဖြည့်နိုင်ပါတယ်။

ဟင်းရည်ဆူလာတာနဲ့ မှိုကိုထည့်၊ ပင်လယ်စာများကို အိုးထဲထည့်၊ အုန်းနို့အနည်းငယ်ထည့်၊ သံပရာသီးအနည်းငယ်၊ တရုတ်နံနံအနည်းငယ်ထည့်ရပါမယ်။

ရေပွတ်လာလျှင် ငရုတ်သီးစိမ်းကို ထု၍ ချဉ်စပ်အရသာကို လိုသလို ထပ်ဖြည့်သင့်ပါတယ်။ နောက်ဆုံးမှ ခရမ်းချဉ်သီးနှင့် နံနံပင်အနည်းငယ် ထည့်ရမှာဖြစ်ပါတယ်။ ပြီးလျှင်တော့ တုန့်ယမ်းချဉ်စပ်ဟင်းရည်ကို သုံးဆောင်လို့ရပါပြီ။

Read times Last modified on Thursday, 13 September 2018 16:49
Rate this item
(1 Vote)