Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Yili မှ ဂရိစတိုင် ဒိန်ချဉ် AMBROSIAL အား မိတ်ဆက်

Unicode

 

Yili မှ ဂရိစတိုင် ဒိန်ချဉ် AMBROSIAL အား မိတ်ဆက်


အရှေ့တောင် အာရှဒေသ၊ စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၉ ခုနှစ်။ အာရှ၏ နံပါတ် ၁ နို့နှင့် နို့ထွက်ပစ္စည်း ကုမ္ပဏီ Yili မှ ခရင်ပိုကဲ ပျစ်နှစ်သည့် ဂရိစတိုင် AMBROSIAL ဒိန်ချဉ် အား အရှေ့တောင် အာရှ ဈေးကွက်သို့ ယနေ့တွင် တရားဝင် မိတ်ဆက်ခဲ့ပါသည်။

 

စားသုံးသူများအနေဖြင့် ထူးခြားသည့် ဂရိစတိုင် ဒိန်ချဉ်အရသာကို ခံစား ရရှိနိုင် စေရန်အတွက် ဂရိနိုင်ငံ၊ အေသင်မြို့ရှိ Agricultural University of Athens မှ တီထွင်ထားသော ဒိန်ချဉ်ထုတ်လုပ်မှု နည်းပညာဖြင့် AMBROSIAL ဒိန်ချဉ်ကို ထုတ်လုပ်ထားပါသည်။

 

AMBROSIAL ဒိန်ချဉ် အား ခေတ်မီ လူနေမှှုပုံစံနှင့် အံဝင်ခွင်ကျဖြစ်ပြီး လွယ်ကူစွာ သုံးဆောင်နိုင်ရန် ထုတ်လုပ်ထားပြီး အချိန်မရွေး၊ နေရာမရွေး လွယ်လွယ်ကူကူ သုံးဆောင်နိုင်သည့် အဆာပြေသောက်သုံးစရာ ဒိန်ချဉ်ဖြစ်ပါသည်။

 

Dried Tea Leaves လက္ဖက္ေျခာက္လုပ္ငန္းေပါင္း ၂၉၆ ခုကိုရွာရန္ႏွိပ္ပါ။

 

“AMBROSIAL ဒိန်ချဉ်ကို အရှေ့တောင်အာရှ ဈေးကွက်ထဲကို မိတ်ဆက်လိုက်ခြင်းဟာ Yili အတွက် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စားသုံးသူတွေဆီကို ရောက်ရှိလာဖို့ ခြေလှမ်းအသစ် စတင်လိုက်ခြင်းပဲ ဖြစ်ပါတယ်’’ ဟု Mongolia Yili Industrial Group Co., Ltd ၏ ဒုတိယ ဥက္ကဌ ဖြစ်သူ Mrs. An Lei မှ ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး

 

“Yili အနေနဲ့ အရှေ့တောင်အာရှ ဒေသအတွင်းမှာ ကျန်းမာတဲ့ လူနေမှုဘဝနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်။” ဟု ထပ်မံ၍ ပြောကြားခဲ့ပါသည်။

 


ဤကဲ့သို့ အရေးပါသည့် မှတ်တိုင်တစ်ခုအား ကျင်းပရာတွင် ကမ္ဘာကျော် Formula One ကားမောင်းပြိုင်ပွဲ၏ Alfa Romeo အသင်းဝင်၊ ကားမောင်းသူ  Kimi Räikkönen အား ဖိတ်ကြားပြီး တရားဝင် မိတ်ဆက်ပွဲ ကျင်းပခဲ့ပါသည်။


“AMBROSIAL ဒိန်ချဉ်ဟာ အရှေ့တောင်အာရှရဲ့ စားသုံးသူတွေကို ထူးခြားဆန်းသစ်တဲ့ အရသာ ပေးစွမ်းဖို့အတွက် ရည်ရွယ်ပါတယ်။ မလိုင်ပိုကဲ၊ ပျစ်နှစ်ပြီး ဆန်းသစ်တဲ့ ထုပ်ပိုးမှှု ဒီဇိုင်းတို့ကြောင့် စားသုံးသူတွေအနေနဲ့ လွယ်လွယ်ကူကူနဲ့ အဆင်ပြေပြေ သုံးဆောင်နိုင်မှာပါ။” ဟု AMBROSIAL ဒိန်ချဉ်၏ Marketing Director Yvette Zhang မှ ပြောကြားခဲ့ပါသည်။

 

AMBROSIAL ဒိန်ချဉ် ကို မူလဒိန်ချဉ်အရသာ၊ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ မက်မွန်နှင့် အုတ်ဂျုံအရသာ၊ သရက်၊ ပင်မှည့် စသည့် အရသာ ၆ မျိုးဖြင့် Tetra-Pak၊ Tetra-Top၊ PET Bottle စသည့် ဆိုဒ် ၃မျိုး ရရှိနိုင်ပါသည်။

 

Ambient yoghurt ဖြစ်သည့် AMBROSIAL ဒိန်ချဉ်သည် ဆန်းသစ်သော ထုတ်လုပ်မှှု လုပ်ငန်းစဉ်များဖြင့် ဖန်တီးထားသည့် Tetra-Pak ထုတ်ပိုးမှှုများကြောင့် အအေးခံစရာမလိုပါ။ ထို့အတွက်ကြောင့် ဒိန်ချဉ်၏ အရသာ၊ အာဟာရ နှင့် လတ်ဆတ်မှှု တို့ကို ပေးနိုင်ပြီး အချိန်မရွေး၊ နေရာမရွေး ယူဆောင်သွားနိုင်ပါသည်။

 

စင်ကာပူနိုင်ငံတွင် AMBROSIAL ဒိန်ချဉ် အား NTUC FairPrice၊ Cheers၊ Sheng Siong၊ 7-Eleven၊ Yue Hwa၊ Prime၊ Haomart နှင့် Qoo10 တွင် ရရှိနိုင်ပြီး RedMart နှင့် online shopping website တွင်လည်း မကြာမီ ဝယ်ယူရရှိနိုင်ပါတော့မည်။

 

မြန်မာနိုင်ငံတွင် AMBROSIAL ဒိန်ချဉ် အား Denko၊ am pm convenience stores များ၊ Amazing Mart၊ 1 Stop Mart၊ Oasis Mini Mart၊ Orange နှင့် Capital တို့တွင် မကြာမီ ရရှိနိုင်တော့မည် ဖြစ်ပါသည်။

 

Read More >>>>>  ကမၺလာသီးမ်ား ေစ်းေကာင္းရ


AMBROSIAL ဒိန်ချဉ် နှင့် ပတ်သက်သည့် သတင်းအချက်များနှင့် #Ambrosialicious အခိုက်အတန့်များကို Facebook၊ Instagram နှင့် YouTube မှ တစ်ဆင့် ကြည့်ရှှု နိုင်ပါသည်။

 

# Myanmar Food Industry Directory (WWH)

 

 

DSC 0199

 

Yili မွ ဂရိစတိုင္ ဒိန္ခ်ဥ္ AMBROSIAL အား မိတ္ဆက္

 

အေရွ႔ေတာင္ အာရွေဒသ၊ စက္တင္ဘာလ ၁၈ ရက္၊ ၂၀၁၉ ခုုႏွစ္။ အာရွ၏ နံပါတ္ ၁ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္း ကုမၸဏီ Yili မွ ခရင္ပိုကဲ ပ်စ္ႏွစ္သည့္ ဂရိစတိုင္ AMBROSIAL ဒိန္ခ်ဥ္ အား အေရွ႕ေတာင္ အာရွ ေစ်းကြက္သို႔ ယေန႔တြင္ တရားဝင္ မိတ္ဆက္ခဲ့ပါသည္။

 

စားသံုးသူမ်ားအေနျဖင့္ ထူးျခားသည့္ ဂရိစတိုင္ ဒိန္ခ်ဥ္အရသာကိုု ခံစား ရရွိႏိုင္ ေစရန္အတြက္ ဂရိႏိုင္ငံ၊ ေအသင္ၿမိဳ႕ရွိ Agricultural University of Athens မွ တီထြင္ထားေသာ ဒိန္ခ်ဥ္ထုုတ္လုုပ္မႈ နည္းပညာျဖင့္ AMBROSIAL ဒိန္ခ်ဥ္ကိုု ထုတ္လုပ္ထားပါသည္။

 

AMBROSIAL ဒိန္ခ်ဥ္ အား ေခတ္မီ လူေနမွႈပံုုစံႏွင့္ အံဝင္ခြင္က်ျဖစ္ၿပီး လြယ္ကူစြာ သံုုးေဆာင္ႏိုုင္ရန္ ထုတ္လုပ္ထားၿပီး အခ်ိန္မေရြး၊ ေနရာမေရြး လြယ္လြယ္ကူကူ သံုုးေဆာင္ႏိုုင္သည့္ အဆာေျပေသာက္သံုုးစရာ ဒိန္ခ်ဥ္ျဖစ္ပါသည္။

 

Dried Tea Leaves လက္ဖက္ေျခာက္လုပ္ငန္းေပါင္း ၂၉၆ ခုကိုရွာရန္ႏွိပ္ပါ။

 

“AMBROSIAL ဒိန္ခ်ဥ္ကိုု အေရွ႕ေတာင္အာရွ ေစ်းကြက္ထဲကို မိတ္ဆက္လိုုက္ျခင္းဟာ Yili အတြက္ ကမာၻတစ္ဝန္းမွာရွိတဲ့ စားသံုးသူေတြဆီကိုု ေရာက္ရွိလာဖိုု႔ ေျခလွမ္းအသစ္ စတင္လိုုက္ျခင္းပဲ ျဖစ္ပါတယ္’’ ဟု Mongolia Yili Industrial Group Co., Ltd ၏ ဒုတိယ ဥကၠဌ ျဖစ္သူ Mrs. An Lei မွ ေျပာၾကားခဲ့ပါသည္။ ဆက္လက္ၿပီး

“Yili အေနနဲ႔ အေရွ႕ေတာင္အာရွ ေဒသအတြင္းမွာ က်န္းမာတဲ့ လူေနမႈဘဝနဲ႔ စဥ္ဆက္မျပတ္ ဖြ႔ံၿဖိဳးတိုးတက္မႈေတြကိုု တိုုးျမွင့္လုုပ္ေဆာင္သြားဖိုု႔ ရည္ရြယ္ပါတယ္။” ဟု ထပ္မံ၍ ေျပာၾကားခဲ့ပါသည္။

 


ဤကဲ့သို႔ အေရးပါသည့္ မွတ္တိုင္တစ္ခုအား က်င္းပရာတြင္ ကမာၻေက်ာ္ Formula One ကားေမာင္းၿပိဳင္ပြဲ၏ Alfa Romeo အသင္းဝင္၊ ကားေမာင္းသူ  Kimi Räikkönen အား ဖိတ္ၾကားၿပီး တရားဝင္ မိတ္ဆက္ပြဲ က်င္းပခဲ့ပါသည္။

 


“AMBROSIAL ဒိန္ခ်ဥ္ဟာ အေရွ႕ေတာင္အာရွရဲ့ စားသံုးသူေတြကို ထူးျခားဆန္းသစ္တဲ့ အရသာ ေပးစြမ္းဖိုု႔အတြက္ ရည္ရြယ္ပါတယ္။ မလိုင္ပိုကဲ၊ ပ်စ္ႏွစ္ၿပီး ဆန္းသစ္တဲ့ ထုပ္ပိုးမွႈ ဒီဇိုင္းတို႔ေၾကာင့္ စားသံုးသူေတြအေနနဲ႔ လြယ္လြယ္ကူကူနဲ႔ အဆင္ေျပေျပ သံုးေဆာင္ႏိုုင္မွာပါ။” ဟု AMBROSIAL ဒိန္ခ်ဥ္၏ Marketing Director Yvette Zhang မွ ေျပာၾကားခဲ့ပါသည္။

 

 

AMBROSIAL ဒိန္ခ်ဥ္ ကို မူလဒိန္ခ်ဥ္အရသာ၊ ဘလူးဘယ္ရီ၊ စေတာ္ဘယ္ရီ၊ မက္မြန္ႏွင့္ အုတ္ဂ်ံဳအရသာ၊ သရက္၊ ပင္မွည့္ စသည့္ အရသာ ၆ မ်ိဳးျဖင့္ Tetra-Pak၊ Tetra-Top၊ PET Bottle စသည့္ ဆိုဒ္ ၃မ်ိဳး ရရွိႏိုင္ပါသည္။

 

 

Ambient yoghurt ျဖစ္သည့္ AMBROSIAL ဒိန္ခ်ဥ္သည္ ဆန္းသစ္ေသာ ထုတ္လုပ္မွႈ လုပ္ငန္းစဥ္မ်ားျဖင့္ ဖန္တီးထားသည့္ Tetra-Pak ထုတ္ပိုးမွႈမ်ားေၾကာင့္ အေအးခံစရာမလိုပါ။ ထို႔အတြက္ေၾကာင့္ ဒိန္ခ်ဥ္၏ အရသာ၊ အာဟာရ ႏွင့္ လတ္ဆတ္မွႈ တို႔ကို ေပးႏိုင္ၿပီး အခ်ိန္မေရြး၊ ေနရာမေရြး ယူေဆာင္သြားႏိုင္ပါသည္။

 

 

စင္ကာပူႏိုင္ငံတြင္ AMBROSIAL ဒိန္ခ်ဥ္ အား NTUC FairPrice၊ Cheers၊ Sheng Siong၊ 7-Eleven၊ Yue Hwa၊ Prime၊ Haomart ႏွင့္ Qoo10 တြင္ ရရွိႏိုင္ၿပီး RedMart ႏွင့္ online shopping website တြင္လည္း မၾကာမီ ဝယ္ယူရရွိႏိုင္ပါေတာ့မည္။

 

 

ျမန္မာႏိုင္ငံတြင္ AMBROSIAL ဒိန္ခ်ဥ္ အား Denko၊ am pm convenience stores မ်ား၊ Amazing Mart၊ 1 Stop Mart၊ Oasis Mini Mart၊ Orange ႏွင့္ Capital တို႔တြင္ မၾကာမီ ရရွိႏိုင္ေတာ့မည္ ျဖစ္ပါသည္။

 

Read More >>>>>  ကမၺလာသီးမ်ား ေစ်းေကာင္းရ


AMBROSIAL ဒိန္ခ်ဥ္ ႏွင့္ ပတ္သက္သည့္ သတင္းအခ်က္မ်ားႏွင့္ #Ambrosialicious အခိုက္အတန္႔မ်ားကိုု Facebook၊ Instagram ႏွင့္ YouTube မွ တစ္ဆင့္ ၾကည့္ရွႈ ႏိုင္ပါသည္။

 

# Myanmar Food Industry Directory (WWH)

Read times Last modified on Tuesday, 18 February 2020 09:37
Rate this item
(1 Vote)