Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးငယ်များအတွက် ကန်စွန်းဥ ကတ်တလိပ်

ကလေးငယ်လေးတွေအတွက်ဆိုတော့ ကလေးတွေကြိုက်တတ်တဲ့ ကန်ဇွန်းဥကတ်တလိပ် ကြော်နည်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ ကလေးများအတွက် အဆင်ပြေကြလိမ့် မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ ရွှေဝါကန်စွန်းဥ၊ ကြက်ဥ၊ သကြား၊ အုန်းနို့မှုန့်၊ ကော်မှုန့်၊ ရွှေကြည်ဆန်မှုန့်၊ ဆား၊ ဂျုံမှုန့် တို့ လိုအပ်ပါမယ်။

 

ကန်ဇွန်းဥကို ရွှေဝါကန်ဇွန်းဥပဲသုံးပါ့မယ်။ တစ်ချို့ခရမ်းရောင် ကန်ဇွန်းဥတွေက အဆင်မသင့် ကလေးများအတွက် ရင်တောက်တတ်လို့ပါ။

 

ပထမဦးဆုံး ကန်ဇွန်းဥကို အရင်ကျက်အောင် ပေါင်းထားပါ။ ကန်ဇွန်းဥကျက်မှအခွံခွာ ပြီးနောက် ညက်အောင်ထောင်းထားပါ။

 

ပြီးလျှင် ကြက်ဥ အနှစ် နှစ်လုံးလောက်နဲ့ သကြား၊ အုန်းနို့မှုန့်၊ ကော်မှုန့်။ ရွှေကြည်ဆန်မှုန့်၊ ဆားအနည်းငယ်ထည့်ပြီး နှံ့အောင်နယ်ထားပါ။

 

ပြီးမှလက်မကပ်အောင် ဂျုံမှုန့်လေးကိုင်ပြီး အလုံးလေးတွေလုံးထားပေးပါ။

 

Read More >>>>>  အသီးအရွက်တွေကို ဘယ်လိုတာရှည်ခံအောင်ထိန်းသိမ်းမလဲ

 

ပြီးရင်တော့ ဒယ်အိုးထဲသို့ ဆီကိုကန်စွန်းဥ နစ်လောက်တဲ့အထိထည့်ပါ။ ဆီကျက်ပြီဆိုမှ ကန်ဇွန်းဥ လုံးလေးတွေထည့်ပြီး ရွှေညိုရောင်လေးသန်းလာတဲ့အထိ ကြော်ပေးပါ။

 

ပြီးမှ ဆီစစ် အအေးခံ လိုက်မယ်ဆိုရင် ကလေးလေးတွေ အားလုံးကြိုက်ကြတဲ့ ကန်ဇွန်းဥကတ်တလိပ်ကြော်လေးကို မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။


#Myanmar Food Industry Directory

Read times Last modified on Friday, 16 August 2019 10:44
Rate this item
(1 Vote)