Myanmar
ပန်းငရုတ်ပွနှင့် မှိုအချိုကြော်
မှိုကို ကန်းစွန်းရွက်နဲ့ကြော်စားရတာ ငြီးငွေ့နေသူတွေအတွက် ထမင်းစားမြိန်စေမယ့် ပန်းငရုတ်ပွနဲ့ မှိုအချိုကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ပန်းငရုတ်ပွစိမ်း၊ မှို၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ ကြက်သွန်မြိတ်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး မှိုကို ရေဆေးသန့်စင်ပြီး လှီးဖြတ်ထားပါ။
ပြီးနောက် ပန်းငရုတ်ပွစိမ်းကို အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ။
ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီး၍ ဆီသတ်ထားပါ။
ပြီးလျှင် မှို၊ ပန်းငရုတ်ပွနှင့် ပုစွန်ခြောက်တို့ကိုထည့်၍ ဆား ငရုတ်ကောင်းမှုန့် ခရုဆီ ထည့်လိုက်ပါ။
ပြီးနောက် ရေကို လိုအပ်သလို ထပ်ထည့်ပါ။
မှိုနူးပြီး ကျက်ရင်တော့ အပေါ်မှ ကြက်သွန်မြိတ်ကိုဖြူး၍ ပန်းငရုတ်ပွနှင့် မှိုအချိုကြော်ကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။