Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဘူးသီးငပေါင်းကြော်နည်း

အကြော်စုံတွေထဲမှာတော့ ဘူးသီးကြော်ကို လူကြိုက်များကြပါတယ်။ အင်းယားဘက်လမ်းလျှောက်ရင်ပဲဖြစ်ဖြစ် မနက်စာမုန့်ဟင်းခါးစားရင်ပဲဖြစ်ဖြစ် ဘူးသီးကြော်က မပါမဖြစ်စားကြပါတယ်။

 

အခုတော့ အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ဘူးသီးကိုအချောင်းလိုက်အကြီးကြီးတွေမလှီးဘဲ သေးသေးလေးတွေလှီးပြီး ကြော်ထားတဲ့ ဘူးသီးငပေါင်းကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

 

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ဘူးသီး၊ ကြက်သွန်ဖြူ၊ ချင်း၊ မျှင်ငါးပိ၊ ကြက်သားမှုန့်၊ ဆီ၊ အကြော်မှုန့်တို့ လိုအပ်ပါမယ်။

 

 

ပထမဦးဆုံး ဘူးသီးနုနုလေးကို အခွံခွာရေဆေးပြီး အချောင်းသေးသေးတွေဖြစ်အောင် လှီးဖြတ်ထားပါ။

 

 

ပြီးလျှင် လှီးထားတဲ့ ဘူးသီးချောင်းလေးတွေထဲကို ညက်အောင်ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ချင်းရောထည့်ပါ။

 

 

ပြီးနောက် မျှင်ငါးပိနည်းနည်း၊ အကြော်မှုန့်၊ ကြက်သားမှုန့်တွေရောထည့်ပြီး ဘူးသီးချောင်းလေးတွေထဲထိ အရသာစိမ့်ဝင်အောင်နယ်၍ လက်တစ်ဝါးစာလောက် အပြားလေးတွေဖြစ်အောင် ပြုလုပ်ပါ။

 

 

ပြီးရင်တော့ ဆီပွက်ပွက်ဆူအောင်တည်ထားတဲ့ ဒယ်အိုးထဲသို့ ဘူးသီးပြားလေးတွေကို ထည့်ကြော်ပေးပါ။

 

 

အပေါ်ဘက်နီလာပြီဆိုရင် တစ်ဖက်လှန်ပေးပြီးနှစ်ဘက်လုံးနီလာရင်တော့ ကြွပ်ကြွပ် ရွရွ ဘူးသီးငပေါင်းကြော်လေးကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

 

အချဉ်ရည်အတွက်ကတော့ မန်ကျည်းမှည့်ကို ပျစ်ပျစ်လေးဖျော်ပြီး ငရုတ်သီးစိမ်း၊ ထန်းလျက်ခဲ၊ ငံပြာရည် ၊ ကြက်သွန်ဖြူတို့ ကိုထောင်းထည့်ပြီး မွှေပေးပါ။

 

 

ပြီးရင်တော့ အရမ်းကိုလိုက်ဖက်တဲ့ ဘူးသီးငပေါင်းကြော်နဲ့ အချဉ်ရည်ကို တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 10:01
Rate this item
(0 votes)