Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြိတ်ကတ်ကြေးကိုက် ပြုလုပ်နည်း

 

ကလေးများနှင့် လူကြီးများပါမကျန် ကြိုက်နှစ်သက်ကြတဲ့ မြိတ်ကတ်ကြေးကိုက်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ကတ်ကြေးကိုက်ပြုလုပ်ရာတွင် လိုအပ်သည့်အမယ်များကတော့ ညှပ်ခေါက်ဆွဲ၊ ပဲငံပြာရည်အနောက်၊ ပအုန်းရည်/ရှာလကာရည်၊ ပဲပြုတ်၊ ကြက်သွန်မြိတ်၊ ပဲပင်ပေါက်၊ ပုစွန်/ ပြည်ကြီးငါး၊ ကြက်သား/၀က်သား၊ ၀က်အူချောင်း၊ ကြက်ဥ၊ အရောင်တင် ငရုတ်သီးမှုန့်နှင့် ဆားတို့ လိုအပ်ပါမယ်။

 


ပထမဆုံး ညှပ်ခေါက်ဆွဲကို ပဲငံပြာရည်အနောက်၊ ဆားနှင့် နယ်ထားလိုက်ပါတယ်။ ဆီ အိုးတည်ပြီး ပဲပင်ပေါက်၊ ပုစွန် ဆားအနည်းငယ် နယ်ထားတာတို့ကို ရောကြော်ပါ။

 

 

ပုစွန်အနည်းငယ်ကွေးသွားတာနှင့် အဆာတွေကို သပ်သပ်ဖယ်ပြီး ညှပ်ခေါက်ဆွဲကို ငရုတ်သီးအရောင်တင်မှုန့် ထည့်ကြော်ပါ။ ရှာလကာရည်အနည်းငယ်၊ ဆားအနည်းငယ် တို့ကို ထည့်ပါ။

 

 

ညှပ်ခေါက်ဆွဲ အနေတော်လောက်ဆိုလျှင် စောနကကြော်ထားတဲ့ ပဲပင်ပေါက်နှင့် ပုစွန်တို့ကိုပါ ထည့်ကြော်ထားပါ။ ကြက်ဥခေါက်ထားတာကိုပါ ရောကြော်ပါ။ ပဲပြုတ်ထည့်ပါ။

 

 

နောက်ဆုံးမှာတော့ ကြက်သွန်မြိတ်အနည်းငယ်ကို လက်နှစ်ဆစ်ခန့် အရှည်လှီးထားတာကို ဖြူးလိုက်ပါ။

 

Read times Last modified on Tuesday, 18 September 2018 10:07
Rate this item
(0 votes)