Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သံတောင်ကြီးမြို့နယ်ရှိ ဒေသခံတောင်သူများကို ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်

သံတောင်ကြီးမြို့နယ်ရှိ ဒေသခံတောင်သူများကို ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ် Moi.Gov

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်အရ ကော်ဖီပျိုးပင်များ၊ မှိုစိုက် ထုပ်များ၊ Home Gardening အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ကော်ဖီသီးမှည့်ခွံချွတ်စက်၊ ကော်ဖီသီးလှန်းစင်များ၊ ကော်ဖီကိုင်းဖြတ်လွှ၊ ကော်ဖီကိုင်းဖြတ်ဓါး၊ သီးနှံပိုးမွှားကာကွယ်ရန် တမာပိုး သတ်ဆေးများနှင့် သဘာဝမြေသြဇာများ ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၁ရက်နေ့ နံနက်(၁၀) နာရီအချိန်က ဇိုင်းယာန်း ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကော်ဖီရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေမှ ထောက်ပံ့ပစ္စည်းများပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ဆက်လက်၍ တောင်သူများထံ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးမျိုးအေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်တို့က ထောက်ပံ့ပေးအပ်းခဲ့ကြပါတယ်။

 

စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သောပစ္စည်းများမှာ ကော်ဖီပင် (၃၀၀၀၀)ပင်၊ မှိုစိုက်ထုပ် (၂၀၀) ထုပ်၊ အချိုတိုင်းကိရိယာတစ်ခု၊ အသီးလှန်းစင် (၄) စင်၊ ကိုင်းဖြတ်ကတ်ကြေး (၅) လက်၊ ကိုင်းဖြတ်လွှ (၅) ချောင်း၊ ကိုင်းဖြတ်ဓါး (၅) ချောင်း၊ ကျင်းတူးကိရိယာ (Auger) (၁) ခု၊ ကော်ဖီမှည့်အခွံချွတ်စက် (၁) လုံး၊ Home Gardening အတွက် မျိုးစေ့ (၉) မျိုးပါ (၇၀) ထုပ်၊ သဘာဝမြေသြဇာအိတ် (၃ဝ)၊ တမာပိုးသတ်ဆေး (၃၀) ဘူးနှင့် ကော်ဖီ GAP စာအုပ်၊ ကော်ဖီ pamphlet၊ မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းစာအုပ်၊ မှို pamphlet များကို ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

 

By Myanmar Food Industry Guide

 

Moi.Gov

Read 758 times
Rate this item
(0 votes)