Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် သရက်သီးကိတ်မုန့်

ကလေးများအကြိုက်တွေ့စေမယ့် သရက်သီးကိတ်ကို အိမ်တွင်လည်း လွယ်လင့်တကူပြုလုပ်နိုင်ပြီး အရသာလည်းရှိစေမယ့် ပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ထောပတ်၊ သကြားဖြူ၊ ဒိန်ချဉ်၊ ကြက်ဥ၊ သရက်သီးအနံ့ရည်၊ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေး၊ သရက်သီးတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး အိုးတစ်အိုးထဲသို့ ထောပတ်၊ သကြားဖြူနှင့် ဒိန်ချဉ်တို့ကိုရောထည့်ပြီး ပွလာသည်အထိ မွှေတံနဲ့ မိနစ်အနည်းငယ်ကြာအောင် မွှေပေးထားပါ။

 

ပြီးလျှင် ကြက်ဥနှင့် အနံ့ရည်ကိုရောထည့်ပြီး သမအောင် မွှေပေးပါ။

 

ပြီးနောက် အိုးတစ်အိုးထဲသို့ ဂျုံမှုန့်နှင့် ဘေကင်ပေါင်ဒါပွဆေးတို့ကို သမအောင်ရောပြီး ဆန်ခါစစ်ချပါ။

 

ဂျုံမှုန့်အရောအနှောကို ထောပတ်အရောထဲသို့ လောင်းထည့်ပြီး သမအောင်မွှေပေးပါ။

 

မုန့်နှစ်ရည်အရောကို Parchment စက္ကူခင်းထားတဲ့ ၈ လက်မ ပတ်လည် လေးထောင့်ဗန်းထဲ လောင်းထည့်ပြီး မျက်နှာပြင်ကိုညီအောင် ညှိပေးပါ။

 

အတုံးသေးတုံးထားတဲ့ သရက်သီးကို မုန့်နှစ်ရည်မျက်နှာပြင်ပေါ် အညီအမျှ စီထည့်ပေးပါ။

 

ပြီးနောက် အာဗင်ကို 350 ဒီဂရီဖာရင်ဟိုက်မှ (၁၈၀ ဒီဂရီစင်တီဂရိတ်) ကြိုအပူပေးပြီး မုန့်ဗန်းကို နာရီဝက်ကြာအောင် ဖုတ်ပေးပါ။

 

ပြီးလျှင် မုန့်ဗန်းကို အာဗင်ထဲထည့်၍ မိနစ် အနည်းငယ်အကြာမှာ မုန့်ဗန်းမျက်နှာပြင်ပေါ် အလူမီနီယံစက္ကူကိုအုပ်ပြီး ကာထားပေးပါ။

 

ပြီးနောက် တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားမျက်နှာပြင်ကို ထိုးစိုက်ပြီး အထုပ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံ၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 10:04
Rate this item
(1 Vote)