Myanmar
ပြည်ကြီးငါးနဲ့ ကိုက်လန် အစပ်ကြော်
အစားတလိုင်းများအတွက် ပြည်ကြီးငါးနဲ့ ကိုက်လန်အစပ်ကြော်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်တဲ့အမယ်များကတော့ ပြည်ကြီးငါး၊ ကိုက်လန်၊ ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအချဉ်ရည်၊ ပဲငပိ၊ ပဲငံပြာရည်အကျဲ၊ သကြား၊ ကော်မှုန့်တို့လိုအပ်ပါမယ်။
ပြည်ကြီးငါးကို ခေါင်းဖြုတ်ပြီး ရေဆေးသန့်စင်ပြီး မိမိစိတ်ကြိုက် ဓားဖြင့် မွှန်းထားပါ။ ပြီးလျှင် ကြက်သွန်ဖြူကို အခွံခွာထားပါ။
ပြီးနောက် ဒယ်အိုးထဲဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူကို ထည့်ပြီး ဆီသတ်ပေးပါ။ ပြီးလျှင် ပြည်ကြီးငါးမကျက်တကျက်ရချိန်တွင် ကိုက်လန်အရွက်များကို ထည့်ကြော်လိုက်ပါ။
ပြီး လျှင် ငရုတ်သီးအချဉ်ရည်၊ ပဲငပိ၊ ပဲငံပြာရည်အကျဲ၊ သကြား၊ ကော်မှုန့်တို့ထည့်ပြီး အပေါ်အောက်လှန်ပြီး မွှေပေးထားပါ။
အရွက်များ အစိမ်းရောင်မပျက် နွမ်းသွားလျှင် ပြည်ကြီးငါးများ ကျက်သွားလျှင် ပန်းကန်ထဲသို့ ထည့်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။