Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်တောင်ပံချိုစပ်

အဆာပြေပဲစားစား၊ ထမင်းပူပူလေးနဲ့ပဲစားစား၊ လွယ်လင့်တကူ ပြုလုပ်နိုင်ပြီး စားလို့မြိန်စေမယ့် ကြက်တောင်ပံ ချိုစပ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်တောင်ပံ၊ တရုတ်ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်မြိတ်၊ ဆီ၊ ချင်း တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်တောင်ပံကို ရေဆေးသန့်စင်ပြီး တရုတ်ဟင်းချက်ဝိုင်နဲ့ နှပ်ထားပါမယ်။ ပြီးလျှင် ပဲငံပြာရည်အနောက်၊ ပဲငံပြာရည် အကြည်၊ ခရုဆီ၊ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်မြိတ်ကို အောက်ခြေပိုင်းဖြတ်ထည့်၍ သေချာနယ်ပြီး မိနစ်အနည်းငယ်ကြာ အောင် အဖုံးအုပ်ပြီးနှပ်ထားပေးပါ။

 

နှပ်ပြီး စချက်မယ်ဆိုရင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင်ချင်းအပြားလိုက်လှီးထားတာထည့်ပြီး ဆီသတ်ပေးပါ။

 

ပြီးနောက် ကြက်တောင်ပံကို စီပြီးထည့်မွှေလိုက်ပါ။ ပြီးလျှင် ဟိုဘက်ဒီဘက်လှန်ပေးပါ။

 

ပြီးရင်တော့ ကြက်တောင်ပံနှပ်ထားတဲ့ လက်ကျန်ရေကို ထည့်လိုက်ပါ။ ပြီးလျှင် ရေအနည်းငယ်ထည့်လိုက်ပါ။ အိုးကို အဖုံးဖုံးအုပ်လိုက်ပါ။

 

ရေဆူလာလျှင် ကြက်သားမနူးသေးလျှင် ရေအနည်းငယ်ထပ်ထည့်နိုင်ပါတယ်။  အနှစ်ဆူပြီး  ပွက်လာလျှင် လိုအပ်သလို အပေါ့အငန်မြည်းပြီး ထပ်ထည့်နိုင်ပါတယ်။ ဟင်းအိုးကို ရေခန်းခါနီးအထိ တည်ပေးပါ။

 

ပြီးရင်တော့ ကြက်သွန်မြိတ်အပေါ်ပိုင်းလှီးဖြတ်ထားတာထည့်လိုက်ပါ။ နှမ်းလှော်ကိုထည့်လိုက်ပါ။

 

ပြီးရင်တော့ ခံတွင်းမြိန်စေမယ့် ကြက်တောင်ပံချိုစပ် ကို ထမင်းပူပူလေးနဲ့ အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(0 votes)