Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးသလောက်အရိုးပျောက်ကြော်

ငါးသလောက်ကြိုက်နှစ်သက်ပြီး အရိုကြောက်သူများအတွက် ငါးသလောက်အရိုးပျောက်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ ငါးသလောက်၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးသလောက်ကို အကြေးထိုး၊ ပါးဟက်၊ အူနုတ်ပြီး ရေဆေးသန့်စင်ကာ ငါးတစ်ကောင်လုံးရဲ့ လုံးပတ်အတိုင်း မစွေဘဲ တည့်တည့်မွှန်းပါ။

 

ပြီးနောက် ဓားထက်ထက်နှင့် ခပ်စိတ်စိတ်လေး မွှန်းထားပါ။

 

မွှန်းပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့နှင့် နယ်၍ မိနစ်အနည်းငယ်ခန့် နှပ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ငါးသလောက်ကို  ကြွပ်ကြွပ်လေး ရွှေဝါရောင်သန်းနေအောင် ကြော်ပါ။

 

ကြော်ပြီးရင်တော့ အရိုးလေးတွေက သေးသေးနုပ်နုပ်ဖြစ်သွားလို့ အလယ်အရိုးမှ လွဲလျှင် ဝါးစားလို့ရပါတယ်။

 

ငါးသလောက်လည်းကြိုက်ပြီး အရိုးလည်း ကြောက်သူတွေအတွက် အဆင်ပြေတဲ့အပြင် ထမင်းမြိန်စေမှာဖြစ်ပါတယ်။

Read 5906 times
Rate this item
(1 Vote)