Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဗိုက်ပူသူတွေ၊ အ၀လွန်သူတွေအတွက် ရှားစောင်းလက်ပတ်ယို

ဗိုက်ပူသူတွေ၊ အ၀လွန်သူတွေအတွက်အရမ်းအဆင်ပြေစေမယ့်အပြင် အိမ်ရှင်မတော်တော်များများရဲ့ဒုက္ခကဗိုက်ပူတာပါပဲ။


ယိုပြုလုပ်နည်းကိုတော့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

- ရှားစောင်းလက်ပတ် ငါးတက်လောက်ကိုဘေးကစူးသွားတွေကို ဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေးတွေကိုလှီးပါ။

  (အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့စားလို့ကောင်းသလိုပိုဆေးဖက်ဝင်တာပေါ့)

 

- ထန်းလျက်(အညို)ငါးကျပ်သားလောက်ကို ဆီ ၅ကျပ်သားလောက်ထဲကို ထည့်ပီးအရည်ပျော်အောင်မွှေပါ။

 

- ထန်းလျက်အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ။ ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့အတွက်ခဏခဏမွှေပေးပါ။

 

- ရှားစောင်းလက်ပတ်အရည်ခမ်းသွားပြီး နည်းနည်းခပ်ပျစ်ပျစ်ဖြစ်လာရင် ငှက်ပျောသီးဖီးကြမ်း နှစ်လုံးကိုပါးပါးလှီးထည့်ပါ။
  (ငှက်ပျောသီးကများလျှင် ချဉ်တတ်လို့ နှစ်လုံးဆိုလုံလောက်ပါပြီ)

 

- ကြက်ဥနှစ်လုံးကိုမွှေပြီးမှထည့်ပါ။ ဇွန်းနဲ့အဆက်မပြတ်မွှေပေးပါ။ ကပ်သွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

 

- ပြီးရင်တကယ်ကိုအရသာရှိတဲ့ ရှားစောင်းလတ်ပတ်ယိုလေးရပါပြီ။ အဖုံးလုံတဲ့ပုလင်းလေးထဲကိုထည့်သိမ်းပြီးစားလို့ရပါပြီ။

 

ရှားစောင်းလက်ပတ်ယိုကို တကယ်စားကြည့်တော့မှ ဝမ်းလည်းမှန်သလို မိန်းကလေးတွေနဲ့ ပတ်သတ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးတယ်ဆိုတော့ စားရကျိုးနပ်ပြီပေါ့နော်။

 

Credit: Phyo lay

Read times
Rate this item
(1 Vote)