Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အညာစတိုင် ဘဲဥ ပုန်းရည်ကြီးချက်

ဘဲဥကို ကြော်စား၊ ချက်စားရတာ ရိုးနေသူများအတွက် အညာစတိုင် ဘဲဥကို ပုန်းရည်ကြီးနဲ့ ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဘဲဥ၊ ပုန်းရည်ကြီး၊ ပုစွန်ခြောက်၊  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ နနွင်းမှုန့်၊ ငံပြာရည်၊ မန်ကျည်းမှည့်၊ ဟင်းခတ်မှုန့်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့် တို့ပါဝင်ပါမယ်။


ပထမဦးဆုံး ဘဲဥကို ပြုတ်ထားပါ။ ကျက်ရင် အအေးခံပြီး အခွံနွှာထားပါ။ ပြီးလျှင် ဘဲဥဘေးပတ်ပတ်လည်ကို ဓားဖြင့် မွှန်းထားပါ။

 

ပြီးနောက် ပုန်းရည်ကြီး အနှစ်ထုပ်ကို ရေဖြင့်ရောပြီး ဖျော်ထားပေးပါ။

 

ပြီးလျှင် ပုစွန်ခြောက်ကို ရေစိမ်ထားပါ။  ပြီးရင်တော့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ပါးပါးလှီးထားပါ။

 

မန်ကျည်းသီးမှည့်ကို ရေနွေးစိမ်ပြီးအနှစ်ပြုလုပ်ထားပါ။

 

အားလုံးအရံသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်လိုက်ပါ။

 

ဆီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ နနွင်းမှုန့်အနည်းငယ်ထည့်လိုက်ပါ။ အနံ့မွှေးလာရင် ပုစွန်ခြောက်ထည့်၊ ငံပြာရည်ထည့်လိုက်ပါ။

 

ပြီးနောက် ပုစွန်ခြောက်နဲ့ ငံပြာရည်ဆီသတ်နံ့မွှေးလာရင် ဘဲဥကိုထည့်ပြီး ဆီသတ်ပါ။

 

အနံ့မွှေးလာပြီဆိုရင်တော့ ပုန်းရည်ကြီးရေဖျော်တာကို ထည့်ပြီးမွှေပေးပါ။

 

အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်ထည့်လိုက်ပါ။  ဟင်းအပေါ်ယံကနေ ငရုတ်သီးစိမ်း ပါးပါးလှီးထည့်ပါ။

 

နောက်ဆုံးမှ နံနံပင်လေးအပေါ်ယံအုပ်ပြီး ဘဲဥ  ပုန်းရည်ကြီးချက်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ  တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Saturday, 12 January 2019 13:16
Rate this item
(1 Vote)