Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အညာစတိုင် ခံတွင်းမြိန်စေမယ့် တစောင်းချဉ်ကြော်

အချဉ်အရသာလေးနဲ့ အညာဒေသထွက်အစားအစာစားချင်သူများအတွက် တစောင်းချဉ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်သောပစ္စည်းများကတော့ တစောင်းချဉ်၊ ဆီ၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ နနွင်းမှုန့် တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး တစောင်းချဉ်အချောင်းကလေးများကို ရေစင်အောင်ဆေးပြီး ဓားပြား ရိုက်ထားပါ။

 

ပြီးလျှင် ပုစွန်ခြောက်ကို မညက်တညက်ထောင်းပြီး ကြက်သွန်ဖြူကိုလည်း အခွံနွှာကာ ဓားပြားရိုက်ထားပါ။

 

ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီထည့်ပါ။ ဆီပူလာလျှင်တော့ နနွင်းမှုန့်နှင့် ကြက်သွန်ဖြူတို့ကို ထည့်ပြီး ဆီသတ်ပါ။

 

ပြီးလျှင် ကြက်သွန်ဖြူအနံ့မွှေးလာလျှင် မညက်တညက် ထောင်းထားသော ပုစွန်ခြောက် များထည့်ပြီး နှံ့အောင် မွှေပါ။

 

ပြီးနောက် ဒယ်အိုးထဲမှ ပုစွန်ခြောက်များ အတော်အတန်ကြွပ်လာပါက အသင့်ပြင်ထားသော တစောင်းချဉ်များထည့်ပြီး ဆားလေးဖြူးကာ အထက် အောက် နှံ့အောင် မွှေပါ။

 

ပြီးလျှင် ဟင်းအိုးထဲ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်၍ တည်ပါ။

 

ပြီးရင်တော့ ဆီပြန်လာက အပေါ့အငန်မြည်းပြီး အနေတော်ဖြစ်လျှင် ငရုတ်သီးစိမ်းတောင့် ခွဲခြမ်းလေးများ အုပ်ကာ မီးဖိုပေါ်မှချပါ။

 

နောက်ဆုံးတွင်တော့ ချဉ်စပ်လေးနဲ့ ခံတွင်းတွေ့စေမယ့် တစောင်းချဉ် ကြော်လေးကို ထမင်းပူပူလေးနဲ့မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read 1800 times
Rate this item
(1 Vote)