Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် အာလူးပူတင်း

ကလေးများကြိုက်နှစ်သက်စေမယ့်အပြင် အချိုပွဲအနေနဲ့ လွယ်လင့်တကူ အိမ်တွင် ပြုလုပ်နိုင်တဲ့ အာလူးပူတင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ အာလူး၊ နွားနို့၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ဆား၊ ကြက်ဥ၊ ထောပတ်၊ ချိစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ လိုအပ်ပါမယ်။

 

ဆော့စ်ပြုလုပ်ဖို့အတွက်  ပထမဦးဆုံး ဒယ်အိုးထဲသို့ ဆီထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပေးပါ။

 

ပြီ့းနောက် နွားနို့၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် ထည့်ကာ ရောမွှေလိုက်ပါ။

 

ပြီးလျှင် မီးပြန်ပိတ်ပြီး အအေးခံပြီးမှ မွှေထားသော ကြက်ဥများကို ထည့်၍ ဇွန်းဖြင့် နာနာလေး မွှေပေးပါ။

 

အာလူးပူတင်းပြုလုပ်ဖို့အတွက် ကိတ်မုန့်လုပ်တဲ့ အောက်ပေါက် အဝိုင်းကွင်းကို သတ္တုပြားဖြင့် အောက်ကို ပိတ်ပြီး ပတ်လိုက်ပါ။

 

ပြီးလျှင် ထောပတ် အနည်းငယ် သုတ်ပေးပါ။

 

ပြီးနောက် အာလူးပြားများကို ညီညီညာညာ ထည့်ပေးပါ။

 

ပြီးလျှင် ချက်ထားသော ဆော့စ်ရည်များကို အပေါ်မှလောင်းချပေးပြီး ချိစ်များ ဖြူးပေးလိုက်ပါ။

 

ပြီးနောက် Oven ထဲသို့ ထည့်၍ ၁၆၀ ဒီဂရီဖြင့် မိနစ်၅၀ခန့် အပေါ်မီး၊ အောက်မီးဖြင့် အာလူးပူတင်းကို ဖုတ်ပေးပါ။

 

နောက်ဆုံးတွင်တော့ ကလေးများကြိုက်နှစ်စေမယ့် အာလူးပူတင်း မွှေးမွှေးလေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read 2071 times
Rate this item
(1 Vote)