Myanmar
ထမင်းမြိန်စေမယ့် ငါးဖယ်အုန်းနို့ပင်စိမ်းချက်
ငါးဖယ်ကို ပုံစံတစ်မျိုးနဲ့ စားချင်သူများအတွက် အုန်းနို့နဲ့ချက်ထားတဲ့ ငါးဖယ်အုန်းနို့ပင်စိမ်းချက် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ငါးဖယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အုန်းနို့၊ နို့၊ ပင်စိမ်း၊ နံနံပင်၊ ပင်စိမ်း၊ ငါးအသားမှုန့်၊ သကြား၊ ဆား၊ နနွင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ငါးဖယ်ကို နနွင်းမှုန့်၊ ဆား အနည်းငယ်ဖြင့်နယ်ပါ။ ပြီးလျှင် ပန်းကန်ပြားထဲထည့်ပြီး ငါးဖယ်ကို ပေါက်ပေးပါ။
ပြီးလျှင် အတုံးလေးများ တုံးထားပါ။
ပြီးနောက် ဒယ်အိုးထဲဆီထည့်ပါ။ ဆီပူလာလျှင်တော့ ဆီပူပူမှာ ငါးဖယ်ကို ကျက်ရုံလေး ကြော်ပါ။
ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ပြီး နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့်၍ ဆီသတ်ပါ။
ပြီးနောက် ကြက်သွန်များ နူးအိလာပါက ကြော်ထားသော ငါးဖယ်များထည့်လှိမ့်ပြီး ဆီသတ်ပါ။
ပြီးလျှင် အုန်းနို့အနှစ်နှင့် နို့ကို ထည့်ပါ။
ပြီးနောက် ငါးအသားမှုန့်နှင့် ဆားအနည်းငယ်ထည့်ပါ။ ရေ အနည်းငယ်ထည့်၍ ငါးဖယ်အတုံးလေးများကို ဆယ်ယူထားပါ။
ပြီးရင်တော့ ရေဆေးပြီး နွှင်ထားသော ပင်စိမ်းနှင့် နံနံပင် ထည့်ပါ။ အနှစ်များ အစိမ်းရောင်သန်းစေရန် ကြိတ်စက်မှာ ကြိတ်ပါ။
ပြီးလျှင် ကြိတ်ပြီးလျှင် ဖယ်ထားသော ငါးဖယ်များနှင့် ပြန်ရော၍ မီးအပူပြန်ပေးပါ။ အစိမ်းရောင် ပိုသန်းလာပါလိမ့်မယ်။
ပြီးရင်တော့ ထမင်းပူပူလေးနဲ့ ငါးဖယ်အုန်းနို့ပင်စိမ်းချက်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။



