Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ဆတ်သားခြောက်ထောင်း

ထမင်းစားလို့မြိန်စေပြီး အိမ်တွင်လွယ်လင့်တကူလုပ်နိုင်ပြီး ရေနွေးကြမ်းလေးနှင့် မြည်းလို့ရတဲ့ ဆတ်သားခြောက်ထောင်းလေးကို တင်ပြပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ဆတ်သားခြောက်၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ ပင်စိမ်း၊ သံပရာသီး၊ ဆီ၊ ဆားတို့ လိုအပ်ပါတယ်။


ပထမဆုံး ဆတ်သားခြောက်ကို ဒယ်အိုးထဲထည့် ရေထည့်ပြီး ရေခန်းအောင် ပြုတ်ထားပါ။ ပြီးလျှင် ဆတ်သားခြောက်ကို အမျှင်လေးများဖြစ်အောင် မွှထားပါ။

 

ပြီးလျှင် ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်း၊ ဆားတို့ကို ထည့်ထောင်းပါ။ ညက်ပြီဆိုရင် ရှမ်းနံနံ၊ ပင်စိမ်းတို့ကို လှီးဖြတ်ပြီး ရောထောင်းထားပါ။

 

ပြီးနောက် မွှထားတဲ့ ဆတ်သားမျှင်လေးတွေကို သမအောင်ထောင်းပြီး ဆီ၊ သံပရာသီးလေးညှစ်ထည့်၍ အသင့်သုံးဆောင်နိုင်ပါတယ်။

 

ပြီးလျှင်အပေါ်မှ ဆလတ်ရွက်၊ နံနံပင်လေးနဲ့ အလှဆင်ပြီး ရေနွေးကြမ်း ထမင်းပူပူလေးနဲ့တွဲစားလျှင် အလွန်စားလို့မြိန်စေပါတယ်။

Read times Last modified on Monday, 11 February 2019 16:38
Rate this item
(1 Vote)