Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် မုန့်နှစ်နဲ့ ပုစွန်ကြော်

အိမ်တွင် မိသားစုဆုံတုန်းလေး လွယ်လင့်တကူ လုပ်စားနိုင်တဲ့ မုန့်နှစ်နဲ့ ပုစွန်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပုစွန်အလတ်စား၊ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သားမှုန့်၊ ဆီတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ပုစွန်များကို ခေါင်းဖြုတ်ပြီး ရေဆေးသန့်စင်ထားပါ။ ကြက်သွန်မြိတ်ကို လက်တစ်ဆစ်ခန့် လှီးဖြတ်ထားပါ။ ချင်းနှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။

 

ပြီးလျှင် ပုစွန်၊ ကြက်သွန်မြိတ်၊ ထောင်းထားသော ချင်း၊ ကြက်သွန်ဖြူတို့ကို ဇလုံတစ်ခုထဲထည့်နယ်ပါ။ ရေကိုအများကြီးမထည့်ရပါ။ ကောက်ညှင်းမှုန့်၊ ဆန့်မှုန့်တို့ကိုလည်းထည့်ပြီး ရောမွှေပေးပါ။ နယ်ပြီးလျှင် အဖုံးပိတ်၍ တစ်နာရီခန့်ကြာအောင်ထားပါ။

 

ပြီးလျှင်တော့ Oven ကို မီးအလယ်အလတ် အပူပေးထားသော ဆီအတော်လေးပူလျှင် မုန့်နှစ်ကို အထက်အောက်လှန်မွှေပြီး ထမင်းစားဇွန်းဖြင့် နှစ်ဇွန်းစီခပ်ကာ ဆီပူထဲတွင် ထည့်ကြော်ပေးပါ။

 

အိုးမကြပ်အောင် ထည့်ပေးပြီးလျှင်တော့ ဟိုဖက်၊ ဒီဖက်လှန်ကာ ကြော်ပေးရပါမယ်။

 

မိနစ်အနည်းငယ်ခန့်ကြာသောအခါ အတော်လေးဝါညိုရောင်ဖြစ်ကာ ကျွတ်လာလျှင် ဆီစစ်ဆယ်ထုတ်၍ ဇကာပေါ်တင်ပြီး ဆီစစ်ထားပါ။

 

ကျန်သည့် မုန့်နှစ်များကိုလည်း အထက်ပါနည်းအတိုင်း ဆက်ကြော်ပေးပြီးရင်တော့ အရသာနှင့် ပြည့်စုံတဲ့ မုန့်နှစ်နဲ့ ပုစွန်ကြော်ကို ခရမ်းချဉ်သီးဆော့စ်လေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Saturday, 16 February 2019 12:41
Rate this item
(1 Vote)