Myanmar
×
Warning
JUser: :_load: Unable to load user with ID: 540
ကလေးများအကြိုက်တွေ့စေမယ့် သီးစုံ ရေခဲချောင်း
Unicode
ကလေးများအကြိုက်တွေ့စေမယ့် သီးစုံ ရေခဲချောင်း
ကလေးများကျောင်းပိတ်ရက်မှာ အိမ်မှာလုပ်စားဖို့အတွက် သီးစုံရေခဲချောင်းလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကီဝီသီး၊  စတော်ဘယ်ရီသီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ဖရဲသီးနှင့် သကြားတို့လိုအပ်ပါမယ်။
ပထမဦးဆုံး ကီဝီသီးကို အခွံနွှာပြီး ပါးပါးလှီးထားပါ။  
ပြီးနောက် စတော်ဘယ်ရီသီးကို ရေဆေးပြီးအညှာချွေထားပါ။  လေးစိတ်စိတ်ထားပါ။
Read More >>>>>   စင်ကာပူမြို့ ကုန်ပစ္စည်းလက်လီဈေးနှုန်းများနှင့် ဈေးကွက်သတင်းအချက်အလက်များ
ပြီးလျှင် သင်္ဘောသီးကို ရေဆေးပြီး အခွံနွှာထားပြီး ခပ်ပါးပါးလှီးထားပါ။
ပြီးနောက် ဖရဲသီးကိုလည်း ခပ်သေးသေးဖြစ်အောင် စိတ်ထားပါ။ စပျစ်သီးကိုလည်း ရေဆေးထားပြီး ထက်ခြမ်းခြမ်း ထားပါ။
ပြီးလျှင် ရေခဲချောင်းလုပ်တဲ့ခွက်ထဲထည့်၊ ရေထည့်၊ အချိုကြိုက်ရင် သကြားရည် အနည်းငယ်ထည့် လိုက်ပါ။
ပြီးနောက် ရေခဲသေတ္တာအခဲ ကန့်ထဲထည့်ထားလိုက်ရုံနဲ့ အရသာရှိတဲ့ သီးစုံရေခဲချောင်းကို ကလေးများစိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ။
Biscuits, Crackers & Cookies (64)ဘီစကစ်၊ ဘီစကစ်ပွကြွပ်နှင့်ကွတ်ကီးလုပ်ငန်းများ (၆၃) ခုကိုရှာရန်နှိပ်ပါ
Myanmar Food Industry Directory
Biscuits, Crackers & Cookies (64)ဘီစကစ်၊ ဘီစကစ်ပွကြွပ်နှင့်ကွတ်ကီးလုပ်ငန်းများ (၆၃) ခုကိုရှာရန်နှိပ်ပါ
Myanmar Food Industry Directory
Read times Last modified on Saturday, 22 February 2020 09:21
Rate this item
(0 votes)