Myanmar
အဆာပြေစားဖို့အတွက် ရွှေတောင်ခေါက်ဆွဲ
မနက်စာ၊ အစာပြေ လုပ်စားနိုင်ဖို့ ရွှေတောင်ခေါက်ဆွဲ လုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ ဂျုံခေါက်ဆွဲ၊ ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီး၊ အုန်းသီး၊ ပဲမှုန့်အကျက်မှုန့်၊ ငရုတ်သီးအကြမ်းမှုန့်ကြော်နှင့် ကြက်သားဟင်းချက်ရန်အတွက် ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ ဆား၊ ကြက်သားမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက် စားသုံးရန် ဂျုံခေါက်ဆွဲမုန့်ကြွပ် ကြော်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲသို့ ဆီများများထည့်ပြီး ဆီပူလာလျှင် ဂျုံခေါက်ဆွဲဖတ် လက်တစ်ဆုပ်စာကို နှစ်ခါခွဲပြီး အညိုရောင်သန်းသည်အထိ ကြော်ပေးပါ။
ပြီးနောက် ပန်းကန်ထဲ ပြန်ဆယ်ထားပေးပါ။
ပြီးလျှင် အုန်းဆီနှစ်ချက် လုပ်ရန် အုန်းသီးညှစ်ရည်များကို ဒယ်အိုးထဲတွင် မီးအသင့်အတင့်ဖြင့် ဆီပြန်သည်အထိ တည်ထားပေးပါ။
ဆီပြန်လျှင် မီးပိတ်ပြီး ပန်းကန်ထဲပြောင်းထည့်ထားပါ။
Read More >>>>> ယမ်ယမ်ခေါက်ဆွဲခြောက်ကို ဆီချက်လေးလုပ်စားကြရအောင်
ချက်ပြုတ်ဖို့အတွက် အရင်ဆုံး ကြက်သားဟင်းချက်ရန် ဒယ်အိုးထဲ ဆီထည့်ပြီး ပူလာလျှင် ကြက်သွန်ဖြူ ဆီသတ်ပေးပါ။
ပြီးလျှင် ငရုတ်သီးမှုန့်ထည့်၊ ကြက်သားထည့်ပြီး မိနစ်အနည်းငယ်ခန့် ရောမွှေပေးပါ။
ပြီးနောက် ဆား၊ ကြက်သားမှုန့် ကြက်သွန်နီထည့်၊ ရေအနည်းငယ်ထည့်ပြီး မိနစ်အနည်းငယ်ခန့်တည်ထားပေးပါ။
ကျက်ပြီဆိုရင် အရသာမြည်းကြည့်ပြီး မီးပိတ်လိုက်ပါ။ ပြီးရင်တော့ ကြက်သားဟင်းရည်ရပါပြီ။
ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ပန်းကန်တစ်ခုထဲ ခေါက်ဆွဲ၊ ကြက်သွန်နီ၊ အုန်းဆီချက်၊ ပဲမှုန့်၊ သံပရာသီး၊ ငရုတ်သီးမှုန့်၊ မုန့်ကြွပ် တို့ကို ထည့်လိုက်ပါ။
ပြီးနောက် အပေါ်မှ ကြက်သားဟင်းရည်ကို အပေါ်မှ လောင်းချလိုက်ပါ။
ပြီးရင်တော့ ကြက်ပြုတ်ရည်နှင့် တွဲဖက်ပြီး အရသာရှိတဲ့ ရွှေတောင်ခေါက်ဆွဲကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။



