Myanmar
ဂေါ်ရခါးညွန့်နှင့် ကြက်သွန်ငရုတ်သီးကြော်
Unicode
ဂေါ်ရခါးညွန့်နှင့် ကြက်သွန်ငရုတ်သီးကြော်
ဟင်းသီးဟင်းရွက်ကြိုက်နှစ်သက်သူများအတွက် စားလို့ကောင်းစေမယ့် ဂေါ်ရခါးညွန့်နှင့် ကြက်သွန်ငရုတ်သီးကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဂေါ်ရခါးညွန့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်၊ ခရုဆီ၊ ပဲငံပြာရည်၊ ဆီ တို့လိုအပ်ပါမယ်။
ပထမဦးဆုံး ဂေါ်ရခါးညွန့်ကို သင်ပြီး ရေဖြင့်စင်အောင်ဆေးကြောထားပါ။
ပြီးလျှင် ကြက်သွန်ဖြူကိုလည်း အခွံနွှာပြီး လှီးဖြတ်ထားပါ။
Read More >>>>> အိမ္မွာ ကိုယ္တိုင္ လက္ဖက္ႏွပ္ေလးလုပ္စားရေအာင္
ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်ပြီး မီးအနေတော်လေးဖြင့် ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်တို့ကို အနံ့မွှေးလာသည်အထိ ကြော်ပေးထားပါ။
ပြီးလျှင် ဂေါ်ရခါးညွန့်ကိုထည့်ပြီး မီးအသင့်သင့်ဖြင့် ကြော်ပေးထားပါ။
ပြီးနောက် ခရုဆီနှင့် ငံပြာရည်တို့ထည့်ပြီး အရသာကို မြည်းကြည့်ပါ။ စိတ်တိုင်းကျဖြစ်ပြီ ဆိုရင်တော့ ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။
#Myanmar Food Industry Directory
ေဂၚရခါးညြန္႕ႏွင့္ ၾကက္သြန္င႐ုတ္သီးေၾကာ္
ဟင္းသီးဟင္းရြက္ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ စားလို႕ေကာင္းေစမယ့္ ေဂၚရခါးညြန္႕ႏွင့္ ၾကက္သြန္င႐ုတ္သီးေၾကာ္ ျပဳလုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။
ပါဝင္ပစၥည္းမ်ားကေတာ့ ေဂၚရခါးညြန္႕၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးေျခာက္၊ ခ႐ုဆီ၊ ပဲငံျပာရည္၊ ဆီ တို႕လိုအပ္ပါမယ္။
ပထမဦးဆံုး ေဂၚရခါးညြန္႕ကို သင္ၿပီး ေရျဖင့္စင္ေအာင္ေဆးေၾကာထားပါ။
ၿပီးလွ်င္ ၾကက္သြန္ျဖဴကိုလည္း အခြံႏႊာၿပီး လွီးျဖတ္ထားပါ။
Read More >>>>> အိမ္မွာ ကိုယ္တိုင္ လက္ဖက္ႏွပ္ေလးလုပ္စားရေအာင္
ၿပီးေနာက္ ဒယ္အိုးကို မီးဖိုေပၚတင္ ဆီထည့္ၿပီး မီးအေနေတာ္ေလးျဖင့္ ၾကက္သြန္ျဖဴ၊ ငရုတ္သီးေျခာက္တုိ႕ကို အနံ႕ေမႊးလာသည္အထိ ေၾကာ္ေပးထားပါ။
ၿပီးလွ်င္ ေဂၚရခါးညြန္႕ကိုထည့္ၿပီး မီးအသင့္သင့္ျဖင့္ ေၾကာ္ေပးထားပါ။
ၿပီးေနာက္ ခရုဆီႏွင့္ ငံျပာရည္တို႕ထည့္ၿပီး အရသာကို ျမည္းၾကည့္ပါ။ စိတ္တုိင္းက်ျဖစ္ၿပီ ဆုိရင္ေတာ့ ထမင္းပူပူေလးႏွင့္ တြဲဖက္၍ သံုးေဆာင္ႏိုင္ပါတယ္။
#Myanmar Food Industry Directory




