Myanmar
ကလေးများအကြိုက် ပဲစင်းငုံပူတင်းလေး လုပ်စားရအောင်
ကလေးများနဲ့ လူကြီးတို့အကြိုက်တွေ့စေမယ့် ပဲစင်းငုံပူတင်းလေး အိမ်မှာလုပ်စားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ပဲစင်းငုံ၊ နွားနို့၊ ကြက်ဥ၊ ဂျုံမှုန့်၊ သကြား၊ နို့ဆီ၊ ထောပတ်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး နွားနို့ကို ကျိုပြီး အအေးခံထားပါ။ ပြီးလျှင် ပဲစင်းငုံ အခြမ်းများကို ရေစိမ်ပြီး ပြုတ်ပေးထားပါ။
ပြီးနောက် ပြုတ်ပြီး ပဲစင်းငုံအခြမ်းများကို ဆန်ကာဖြင့်စစ်၍ ရေအေးဖြင့် လောင်းပါ။
ပြီးလျှင် ဂျုံမှုန့်၊ သကြား၊ ဆား၊ ရေအနည်းငယ်ထည့်ပြီး ဂျုံမှုန့်နှံ့သည်အထိ ရောနယ်ပေးပါ။
ပြီးနောက် နယ်ထားသော ဂျုံမှုန့်များအား ကြက်ဥ၊ နို့ဆီ၊ နွားနို့များထည့်မွှေပြီး ရေစစ်ထားတဲ့ ပဲစင်းငုံပြုတ်များကို ထည့်မွှေပေးပါ။
ပြီးလျှင် ပူတင်းဖုတ်မည့် မီးဖိုပေါ်တင်၍ ဆီထည့်ပါ။
ဆီကျက်လျှင် ထောပတ်ထည့်ပြီး မွှေထားသော မုန့်များကို လောင်းထည့်ပါ။
Read More >>>>> မာလာကြက်သားအစပ်ကြော်
မီးသွေးဖြင့် ပြုလုပ်မည်ဆိုပါက အောက်မီး အထက်မီးတင်ပြီး ဖုတ်ပေးပါ။
ပြီးနောက် ဖုတ်ထားသည့် ပူတင်းများ ခဲသည့်အချိန်ထိ မီးအနည်းငယ်ဖြင့်ဖုတ်ပေးပါ။
ကျက်သွားရင်တော့ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရအပြည့်အဝရှိတဲ့ ပဲစင်းငုံပူတင်းလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။



