Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဒူးရင်းသီး ခေါင်းအုံးမုန့်လေး လုပ်စားကြရအောင်

ဒူးရင်းသီးရာသီ မကုန်ခင် ခပ်မြန်မြန်လေး လုပ်စားကြည့်ရအောင်။ သွေးတိုးရှိသူများနှင့် သွေးတိုးတက်သူများ သတိဖြင့် စားပါ။ အရမ်းစားကောင်းတော့ အများကြီး စားမိမှာစိုးလို့ ပါ။ ဒူးရင်းသီး ခေါင်းအုံးမုန့် ပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများ ဒူးရင်းသီးအနေတော်၊  Whipping Cream၊ သကြား၊ ဂျုံမှုန့်၊ ထောပတ်၊ ကြက်ဥ၊ နွားနို့ တို့လိုအပ်ပါမယ်။


ပထမဦးဆုံး အပြင်ခွံပြုလုပ်ဖို့ အတွက် မုန့်နှစ်ရည်ကို ကြက်ဥ နှင့် သကြား အနည်းငယ်ရောပြီး ခလောက်ထားပါ။


ပြီးလျှင် ဂျုံမှုန့် ကို ဇကာချပြီး ကြက်ဥခေါက်ထားတဲ့ကို ရောပြီး မွှေပါ။ နွားနို့ ကို ဖြေးဖြေးချင်းလောင်းထည့်ပြီး မွှေပါ။

 

ပြီးနောက် ထောပါတ်ကို ထည့်ပြီး အသာမွှေပါ။ မုန့် နှစ်ရည်ကို ဆယ်မိနစ်ခန့် အဖုံးအုပ်ပြီး ထားလိုက်ပါ။

 

Read More >>>>>  ဒူးရင်းမလိုင်လေး အိမ်တွင် လုပ်စားရအောင်

 

ပြီးလျှင် ဒူးရင်းသီးကို ခွဲပြီး အမွှာတွေကို ပန်းကန် သပ်သပ်ဖြင့် ထည့်ပါ။ အသားနွှင်ပြီး သကြား အနည်းငယ်နှင့် အသာ ချေထားပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ သိမ်းထားပါ။


ပြီးနောက် အပြင်အခွံအတွက် မကပ်တဲ့အိုးကို မီးအနေတော် အပူပေးထားပါ။ ပြီးလျှင် မုန့်နှစ်ရည် တစ်ဇွန်းစာ လောင်းထည့်ပါ။


ပြီးနောက်အပေါ်ယံ ကျက်သွားလျှင် ဆယ်ယူပြီး အအေးခံပါ။ ခဏလေးနဲ့ အကျက်မြန်ပါတယ်။ နောက်တစ်ဖက်ပြောင်းစရာမလိုပါ။

 

တစ်ခုနှင့် တစ်ခု မကပ်အောင် မုန့်ချပ်တွေ ကြားထဲမှာ cooking paper တွေ ခံထားပါ။

 

အေးသွားလျှင် ပန်းကန်ပြားကြီးကြီးထဲ မုန့် တစ်ချပ်ကို အရင် ခင်းပါ။  ချောတဲ့ ဖက်ကို အပြင်ဖက်ထားပါ။ အအေးခံထားသော ဒူးရင်းသီးအနှစ်ကို လိုသလောက် ခပ်ထည့်ပါ။ ပြီးလျှင် Whipping Cream အနည်းငယ် တင်ပါ။ အစလေးတွေကို ခေါင်းအုံးပုံစံ စုပြီး ခေါက်ထားပါ။

 

ပြီးနောက် ပန်းကန်ပြားထဲ အသာစီ ထည့်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ နာရီဝက်ခန့်  ထည့်ပြီး အအေးခံပါ။

 

ပြီးရင်တော့ ချိုချိုအေးအေး ဒူးရင်းသီး ခေါင်းအုံးမုန့်လေးကို ကော်ဖီလေးနဲ့ဆိုရင်တော့ အလွန်လိုက်ဖက်မှု ရှိစေမှာဖြစ်ပါတယ်။

Read times Last modified on Friday, 03 May 2019 14:29
Rate this item
(1 Vote)