Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မာလာဟင်းအနှစ်​နဲ့ မာလာဆီမွှေး ပြုလုပ်နည်း

အိမ်မှာ ကိုယ်တိုင် မာလာဟင်းအမျိုးမျိုးချက်စားနိုင်ဖို့အတွက် မာလာဟင်းအနှစ်နှင့် မာလာဆီမွှေး ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ဟွား​ကျောင်းအမှုန့်​၊ ရှား​ကောပါး​ကောအမှုန့်​၊ စမုံစပါးအမှုန့်​၊ နံနံစေ့အမှုန့်၊ ဇီယာ၊ သစ်ကြံပိုး၊ စပါးလင်၊ နွယ်ချိုမှုန့်၊ လေညှင်းမှုန့်၊ ဇာတိပ္ဖိုလ်သီးအမှုန့်၊ ကရဝေးရွက်၊ ငရုတ်သီးအစိမ်းမှုန့်၊ ငရုတ်သီးအကြမ်းဖတ်၊ ငရုတ်ခြောက်အတောင့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စီချွမ်​ပဲငပိ၊ စီချွမ်​ပဲပုတ်​​စေ့အချို၊ နှမ်းလှော်၊ ရိုးရိုးပဲငပိ၊ ခရုဆီ၊ ပဲငံပြာရည်အကျဲ၊ ဆန်အရက်၊ ဟွေ့ချမ်အရသာမှုန့်၊ သကြားညို ၊ ပဲဆီ၊ ထောပတ် တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ဟွား​ကျောင်းအမှုန့်​၊ ရှား​ကောပါး​ကောအမှုန့်​၊ စမုံစပါးအမှုန့်​၊ နံနံစေ့အမှုန့်၊ ဇီယာ၊ သစ်ကြံပိုး၊ စပါးလင်၊ နွယ်ချိုမှုန့်၊ လေညှင်းမှုန့်၊ ဇာတိပ္ဖိုလ်သီးအမှုန့် အစရှိတဲ့ အမှုန့်တွေအားလုံးကို ဒယ်အိုးထဲထည့် မီးအေးအေးနဲ့ မွှေးနေအောင် လှော်ပေးထားပါ။

 

ပြီးလျှင် ကရ​ဝေးရွက်​ အပိုင်း​လေး​တွေဖြတ်​ထားပါ။  ကြက်​သွန်​နီ၊ ကြက်သွန်ဖြူ တို့ကို အခွံနွှာပြီး နုတ်နုတ်စင်းထားပါ။ ချင်းကိုလည်း နုတ်နုတ်စင်းထားပါ။

 

ပြီးနောက် ရိုးရိုးပဲငပိကို ဒီအတိုင်းထားပြီး စီချွမ်​ပဲငပိ၊ စီချွမ်​ပဲပုတ်​​စေ့အချို တို့ကို နုတ်နုတ်စင်းထားပါ။  နှမ်းကိုလည်း လှော်ပြီးထောင်းထားပါ။

 

ပြီးလျှင် အရသာအတွက် ခရုဆီ၊ ပဲငံပြာရည်အကျဲ၊ ဆန်အရက်၊ ဟွေ့ချမ်အရသာမှုန့်၊ သကြားညို တို့ကို အားလုံး သမအောင် ရောမွှေထားပါ။

 


ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ပူလာလျှင် ထောပတ်အနည်းငယ်ထည့်လိုက်ပါ။ အရည်ပျော်ပြီး မွှေးလာရင်တော့ ပဲဆီကို ထည့်လိုက်ပါ။ ပူရင်တော့ ကရ​ဝေးရွက်​ အရင်​ဆီသတ်​ပါ။ ​မွှေးရင်​ ကြက်​သွန်​နီ၊ ကြက်သွန်ဖြူ၊ ချင်းထည့်​ပြီး ဆီသတ်​ပါ။

 

ပြီးနောက်​ ငရုတ်သီးအစိမ်းမှုန့်၊ ငရုတ်သီးအကြမ်းဖတ်၊ ငရုတ်ခြောက်အတောင့်ကို ချိုးပြီး ထည့်​ပါ။ အစိမ်းနံ့​ပျောက်​ပြီး​မွှေးသည်​ထိ ​ကြော်​​ပေးပါ။

 

ပြီးလျှင် အသင့်ပြင်ဆင်ထားတဲ့ မဆလာကို ထည့်လိုက်ပါ။ ပြီးနောက် စီချွမ်​ပဲငပိ၊ စီချွမ်​ပဲပုတ်​​စေ့အချို၊ ရိုးရိုးပဲငပိတို့ကိုထည့်ပြီး ဆက်ကြော်ပါ။

 

Read More >>>>> ရေခဲမုန့်စားခြင်း၏ အကျိုးကျေးဇူးများ

 

ပြီးနောက် အရသာထည့်ပါ။ ပြီးရင်တော့ မီး​အေး​အေးနဲ့ဆီပြန်​သည်​ထိ​မွှေ​ပေးပါ။ မီးပြင်းလို့မရပါဘူး တူးနံ့စွဲသွားရင်​ မာလာဟင်းအနံမ​ကောင်း​တော့တဲ့အတွက် ဖြစ်ပါတယ်။

 

ဆီပြန်လာလျှင် ​နောက်​ဆုံးမှ နှမ်း​လှော်​ကိုထည့်​လိုက်ပါ။ နှမ်း​လှော်​ထောင်းထည့်​တာက အရသာကို ပိုစိမ့်​ပြီး ပိုလည်း​မွှေးပါတယ်​။

 

ပြီးနောက် မိနစ်အနည်းငယ် ဆက်ပြီးမွှေပေးထားပါ။ ပြီးရင်တော့ မာလာဟင်းအနှစ်ကို ချက်ပြီးသွားပါပြီ။


မာလာဟင်းအနှစ်​ ချက်​ပြီးရင်​ မာလာဆီ​မွှေး ဆက်​ချက်​ပါမယ်​။ ဒါကလည်း အရေးပါပါတယ်။ မာလာဟင်းချက်​ရင်​ မာလာဆီ​မွှေးကိုလည်း ထည့်​ချက်​ပေးခြင်းအားဖြင့်​ ဟင်းအရသာအနံ့ အရသာပို​ကောင်းပါတယ်​။

 

မာလာဆီမွှေးအတွက် မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ငရုတ်သီးအကြမ်းဖတ်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဟွာကျောင်းမှုန့်၊ ရှားကောပါးကောမှုန့်တို့ကို အသင့်ပြင်ထားပါ။

 

ပြီးလျှင် ကရ​ဝေးရွက်​၊ ငရုတ်​​ခြောက်​တောင့်၊ ဟွားကျောင်းစေ့၊ ကြက်သွန်မြိတ် တို့ကို အပိုင်းလေးတွေဖြစ်အောင် ဖြတ်ထားပါ။

 

ပြီး နောက် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ကရ​ဝေးရွက်​၊ ငရုတ်​​ခြောက်​တောင့်၊ ဟွားကျောင်းစေ့၊ ကြက်သွန်မြိတ် တို့ကို ထည့်ကြော်ပါ။ အနံ့မွှေးလာရင် ခဏဖယ်ထားပါ။

 

ပြီးလျှင် ဆီပူနေတဲ့ ဒယ်အိုးထဲသို့  မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ငရုတ်သီးအကြမ်းဖတ်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဟွာကျောင်းမှုန့်၊ ရှားကောပါးကောမှုန့် တို့ထည့်ပြီး ဆီသတ်ပေးပါ။

 

ပြီးရင်တော့  ခဏဖယ်​ထားတဲ့ငရုတ်​​ခြောက်​​ကြော်​ ​တွေပြန်​ထည့်​​ပေးလိုက်​ပါ။  ပြီးရင်တော့ အရမ်း​မွှေးတဲ့ မာလာဆီ​မွှေးကို အအေးခံပြီး ဗူးထဲထည့်သိမ်းထားလို့ ရနိုင်ပါတယ်။

 

Read times Last modified on Tuesday, 07 May 2019 13:51
Rate this item
(1 Vote)