Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အာဟာရနှင့်ပြည့်စုံတဲ့ အောင်ဗလမုန့်

မြန်မာမုန့်တစ်မျိုးဖြစ်တဲ့  ဆိမ့်ဆိမ့်လေးနဲ့ စားရတာ အလွန်အရသာရှိပြီး အာဟာရနှင့် ပြည့်စုံတဲ့ အောင်ဗလမုန့်ကို အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ နည်းလေးကို   ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ကြက်ဥ၊ ဆား၊ ဆိုဒါ၊ သကြား၊ ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ဆန်မှုန့်၊ ကောက်ညှင်းမှုန့်တို့ကို ဇလုံတစ်ခုမှာထည့် ရေကို အနည်းငယ်ထည့်ပြီး မွှေပေးပါ။

 

ပြီးလျှင် သကြားကို ရေနွေးနဲ့ဖျော်၊ ဆိုဒါနှင့် ကြည်ဥကို ခေါက်ထည့်ပြီး  ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်တို့ ဖျော်ထားသော မုန့်နှစ်ရည်ထဲသို့ ရောကာထည့်မွှေပေးပါ။ မုန့်ပွလာစေရန် ရေစိုဝတ်အုပ်ပြီး ၄ နာရီခန့်ထားပေးပါ။

 

ပြီးလျှင် ဒယ်အိုးကို  ဆီအနည်းငယ်ဆိုရုံမျှ ထည့်ပြီး အပူပေးပါ။ မုန့်နှစ်ရည်ကို ခပ်ပြည့်ပြည့်ဖြည့်ပြီး အဖုံးခဏအုပ်ထားပါ။

 

Read More >>>>>  လူကြီးနဲ့ ကလေးတွေအကြိုက်တွေ့စေမယ့် မုန့်ပေါင်း

 

ပြီးနောက် နှစ်မိနစ်ခန့်ကြာရင် မုန့်ကို တစ်ဖက်သို့ လှန်ကာ အပူပေးပါ။  အညိုရောင်သမ်းလာရင် အောင်ဗလမုန့်လေးကို ရပါပြီ။

 

ပြီးရင်တော့ သကြားလေးနဲ့ တို့စားလိုက်ရင်ဖြင့် အရသာရှိပြီး အာဟာရနှင့် ပြည့်စုံတဲ့ အောင်ဗလမုန့်ကြော်လေးကို ရေနွေးလေးနဲ့ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 27 May 2019 17:32
Rate this item
(2 votes)