Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အာဟာရနှင့်ပြည့်စုံတဲ့ ကြက်ဥဟင်းချို

ကြက်ဥကို ပုံစံအမျိုးမျိုးကြော်စား၊ ချက်စား၊ ပြုတ်စားကြတာများပါတယ်။

 

ယခုတော့ ကြက်ဥကို အရည်သောက် ဟင်းချိုပုံစံမျိုးလေးဖြစ် အောင် ချက်ထားတဲ့ နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်ပြုတ်ရည်၊ ကြက်ဥ၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်၊ ဆားအနည်းငယ်နှင့် ဆီ တို့ လိုအပ်ပါမယ်၊

 

ပထမဦးဆုံး ဒယ်အိုးထဲသို့ ကြက်ပြုတ်ရည်ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားပေးပါ။

 

ပြီးနောက် ကြက်ဥကို ခွဲပြီး ခလောက်ထားပါ။ ပြီးလျှင် ဟင်းရည်ဆူလာပါကခလောက်ထားတဲ့ ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး မွှေပေးပါ။  အဆက်မပြတ်မွှေပေးထားပါ။

 

Read More >>>>>> အာဟာရနှင့်ပြည့်စုံတဲ့ အောင်ဗလမုန့်

 

ပြီးလျှင် ဟင်းရည်ထဲသို့ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ဆီတို့ထည့်ပြီးထပ်မွှေပေးပါ။

 

ပြီးနောက် အရသာကို အပေါ့အငန်မြည်းကြည့်ပြီး မီးပိတ်ထားပါ။

 

ပြီးလျှင် ထမင်းစားခါနီးမှ ကြက်ဥဟင်းချိုကို ပန်းကန်လုံးထဲထည့်ပြီး ကြက်သွန်မြိတ်တို့ထည့်ကာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 29 May 2019 09:58
Rate this item
(4 votes)