Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားလို့မြိန်စေမယ့် ဇလုံကြီးထမင်းနယ် လုပ်စားရအောင်

ပိတ်ရက်မှာ မိသားစုဆုံတုန်းလေး အိမ်တွင် လက်ဆုံစားဖို့အတွက် ဇလုံကြီးထမင်းနယ်လုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ ထမင်း၊ ခရမ်းချဉ်သီးချက်၊ ငါးပိရည်၊ ကြက်ဥကြော်၊ ကြက်အူချောင်း၊ ကြက်သလုံး၊ ပဲပြားအချိုကြော်၊ သခွားသီး၊ ခရမ်းသီးပြုတ်၊ သရက်သီးစားရေစိမ်၊ ကြက်သွန်နီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဇလုံတစ်ခုထဲသို့ ထမင်းထည့် ပြီးနောက် ခရမ်းချဉ်သီးချက်၊ ငါးပိရည် တို့ဖြင့် သေချာနယ်ထားပါ။

 

Read More >>>>>  ကျွဲ၊ နွားအရှင်များ ပြည်ပသို့ တင်ပို့ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ

 

ပြီးနောက်  ကြက်ဥကြော်၊ ကြက်အူချောင်း၊ ကြက်သလုံး၊ ပဲပြားအချိုကြော်တို့ပုံပြီး တို့စရာအဖြစ် သခွားသီး၊ ခရမ်းသီးပြုတ်၊ သရက်သီးစားရေစိမ်၊ ကြက်သွန်နီ တို့နဲ့ ဇွန်းတပ်ပြီး အုပ်စုလိုက် စားရရင်ဖြင့် အရသာရှိပြီး ခံတွင်းမတွေ့သူများလည်း အရသာ စပ်စပ်လေးနဲ့ ခံတွင်းတွေ့စေမှာဖြစ်ပါတယ်။  

 

မိသားစုလိုက်ပဲစားစား၊ သူငယ်ချင်းတွေနဲ့စားစား အလွန်အရသာရှိတဲ့ ဇလုံကြီးထမင်းနယ်လေးကို အိမ်တွင် လုပ်စားလိုက်ကြပါနော်။

Read times Last modified on Tuesday, 02 July 2019 10:10
Rate this item
(1 Vote)