Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ငံစပ် ကင်းမွန်သံပရာပေါင်း

ပိတ်ရက်လေးမှာ ချဉ်ချဉ်ငံငံစပ်စပ်လေးနဲ့ စားလို့အရမ်းကောင်းတဲ့ ကင်းမွန်သံပရာပေါင်းပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကင်းမွန်၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ပဲငံပြာရည်အကျဲ၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး  ကင်းမွန်ကို ရေဆေးသန့်စင်ထားပါ။

 

ပြီးလျှင် ကင်းမွန်များကို မွှန်းထားပါ။

 

ပြီးနောက် ပန်းကန်ပြားထဲတွင် စီ၍ ထားပါ။

 

ပြီးလျှင် ပန်းကန်လုံးတစ်ခုထဲသို့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း တို့ကို ပါးပါးလှီးထားပါ၊ ပြီးနောက် ပဲငံပြာရည်အကျဲ၊ သံပရာရည်၊ ဟင်းခတ်မှုန့်၊ ဆား အနည်းငယ်ထည့်ပြီး သမအောင်မွှေပေးထားပါ။

 

Read More >>>>>  ချို၊ ဆိမ့်၊ ခါး အရသာလေးနဲ့ အလွန်သောက်လို့ကောင်းတဲ့ ဂွေးတောက်ရွက် ကြက်ရိုးဟင်းချို

 

ပြီးနောက် ဆော့စ်အရည်ကို ကင်းမွန်ပန်းကန်ထဲသို့ နှံ့အောင်လောင်းချ၍ ရေနွေးငွေ့ဖြင့် ဆယ်မိနစ်ခန့် ပေါင်းပေးထားပါ။

 

အသားကျက်ရင်တော့ အပေါ်မှ နံနံပင်အုပ်၍ ချဉ်ငံစပ် ကင်းမွန်သံပရာပေါင်းကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read 1289 times Last modified on Thursday, 04 July 2019 13:49
Rate this item
(1 Vote)