Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အုန်းနို့ကြက်ကြော်လေး လုပ်စားလိုက်ရအောင်

ကလေးတွေကျောင်းထမင်းဘူးအတွက် မေမေများ အဆင်ပြေစေမယ့်အပြင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ အုန်းနို့ကြက်ကြော်လေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကြက်ပေါင်သား၊ အုန်းနို့၊ အုန်းနို့မှုန့်၊ ဂျုံမှုန့်၊ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ပွခြောက်၊ ငရုတ်သီးအနီ၊ ငါးငံပြာရည်၊ ကြက်သားမှုန့်၊  ဆား၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊ ဆီ၊ ငရုတ်သီးစိမ်း၊ ပဲငံပြာရည်ဆော့စ်၊ သံပရာရည်၊ သကြား၊ ရှာလကာရည်၊ ပူစီနံရွက် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်ပေါင်သားကို ရေဆေးသန့်စင်ထားပါ။

 

ပြီးလျှင် ငရုတ်ပွခြောက်၊ ငရုတ်သီးအနီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ကြေညက်အောင် ရောကြိတ်ပြီး ချင်းနှင့် စပါးလင်တို့ကို သီးခြားခွဲ၍ ကြိတ်ပေးထားပါ။

 

ပြီးနောက် သန့်စင်ထားသော ကြက်ပေါင်သားကို  ကြိတ်ထားသော ငရုတ်သီးအနှစ်၊ ချင်းနှင့် စပါးလင်၊ ငါးငံပြာရည်၊ နနွင်းမှုန့်၊ ကြက်သားမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ အုန်းနို့ တို့ နှင့် အရသာဖြည့်စွက်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ။

 

ပြီးလျှင် ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ပါးပါးလှီး၍ ပဲငံပြာရည်၊ ငါးငံပြာရည်၊ ရှာလကာရည်၊ သကြား၊ သံပရာရည်၊ ရေနွေး၊ ပူစီနံရွက်ထည့်၍ ပြင်ဆင်ထားပါ။

 

Read More >>>>>   မွေးမြူရေးဇုန်များကို တရုတ် - မြန်မာစီးပွားရေး စင်္ကြံတစ်လျှောက် တည်ထောင်သွားဖို့ ဆွေးနွေး

 

ပြီးနောက် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် နှပ်ထားသော ကြက်ပေါင်သားကို အုန်းနို့မှုန့်နှင့် ဂျုံမှုန့်အနည်းငယ်ကပ်၍ ဆီမြုပ်အောင် အကြွတ်ကြော်ပေးထားပါ။

 

ကျက်လျှင် အသင့်ပြင်ဆင်ထားသော ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်ဆော့စ် နှင့် တွဲဖက်ပြီး သံပရာသီး၊ ပူစီနံရွက်တို့ဖြင့် အလှဆင်၍ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 17 July 2019 10:40
Rate this item
(1 Vote)