Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်သွားစေမယ့် ချဉ်ပေါင်တို့ဟူးထမင်းသုပ်

နေ့တိုင်းထမင်းနဲ့ဟင်းတွေပဲ အထပ်ထပ်အခါခါစားရရင် ငြီးငွေ့မိမှာအမှန်ပါပဲ။ ထို့ကြောင့် အစားတလိုင်းတို့အတွက်  ချဉ်ပေါင်တို့ဟူးထမင်းနယ်လေးလုပ်စားကြည့်လို့ အောက်တွင် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ တို့ဟူး၊ ချဉ်ပေါင်ရွက်၊ မျှင်ငါးပိ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲမှုန့်၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ချဉ်ပေါင်ရွက်ကို ခြွေပြီး ရေဆေးသန့်စင်ထားပါ။  ပြီးလျှင် တို့ဟူးကို အနေတော်အရွယ်လေးတွေဖြစ်အောင် လှီးထားပါ။

 

ပြီးနောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပေးပါ။ ပြီးလျှင် မျှင်ငပိအနည်းထည့်ပြီး မွှေပေးထားပါ။

 

အနံ့မွှေးလာပြီဆိုရင်တော့ ချဉ်ပေါင်ရွက်ထည့်ပြီး ချဉ်ပေါင်ကြော်နည်းအတိုင်း ဆီပြန်အောင်ကြော်ပေးထားပါ။

 

Read More >>>>>   ကလေးများအကြိုက်တွေ့ စေမယ့် ရေညှိကြက်ဥလိပ်

 

ပြီးနောက် ဇလုံတစ်လုံးကိုယူပါ။ ပထမဦးဆုံး ထမင်းထည့်၊ ချဉ်ပေါင်ရွက်ကို လိုသလောက်ထည့်၊ တို့ဟူး၊ ဟင်းခတ်မှုန့်၊ ပဲမှုန့်တို့ရောပြီး နှံ့သွားအောင် နယ်ထားပေးပါ။ အကုန်လုံး နှံ့သွားပြီဆိုရင်တော့ တို့ဟူးတစ်ဝက်ကိုထည့်ပြီး ဖွဖွလေးနယ်လိုက်ပါ။

 

ပြီးရင်တော့ အရသာကို မြည်းကြည့်ပြီး စိတ်ကြိုက်ပြီဆိုရင်တော့ ချဉ်ပေါင်ရွက်တို့ဟူးသုပ်လေးကို ကြက်ဥကြော် သို့မဟုတ် ကြက်ကြော်လေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

# Myanmar Food Industry Directory  (WWH)

Read times Last modified on Friday, 23 August 2019 14:03
Rate this item
(0 votes)