Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အဆီရှောင်သူတွေအတွက် ချဉ်ငံစပ် ဘဲဥသံပရာ

Unicode


အဆီရှောင်သူတွေအတွက် ချဉ်ငံစပ် ဘဲဥသံပရာ


ကျန်းမာရေးနဲ့ညီညွတ်ပြီး အဆီမစားသူတွေအတွက်လည်း အဆင်ပြေစေမယ့် ချဉ်ငံစပ် ဘဲဥသံပရာ လုပ်နည်းလေးကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဘဲဥ၊ သံပရာသီး၊ စပါးလင်၊ ငရုတ်သီးစိမ်းအနီတောင့်၊ ကြက်သွန်ဖြူ၊ ချင်း၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆား၊ သကြား၊ နံနံပင်၊ ရှမ်းနံနံတို့ လိုအပ်ပါမယ်။

 

Onion, Garlic, Potato, Tamarind Warehouses ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ အာလူး၊ မန္က်ည္းသီး ေရာင္း၀ယ္ေရးဆိုင္ေပါင္း ၂၄၆ ခုကိုရွာရန္ႏွိပ္ပါ။

 

ပထမဦးဆုံး ဘဲဥကို ပြုတ်ထားပါ။ ပြီးလျှင် ဘဲဥကို အခွံနွှာပြီး ထက်ခြမ်းခြမ်းထားပါ။


ချဉ်ငံစပ်ပြုလုပ်ဖို့အတွက် သံပရာရည်၊ ငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ သကြားတို့ကို ပန်းကန်လုံးထဲသို့ ထည့်လိုက်ပါ။ ပြီးနောက် ရေနွေးထည့်ပြီးရင်တော့ ဆော့စ်ရည်ကိုရပါပြီ။


ပြီးလျှင် ပန်းကန်တစ်ခုထဲသို့ ဘဲဥထက်ခြမ်းခြမ်းထားတာကိုထည့် စပါးလင်၊ ငရုတ်သီးအစိမ်းတောင့် ကြက်သွန်ဖြူ၊ ချင်းတို့ထည့်ပြီး သမအောင် ရောမွှေပေးပါ။ ပြီးနောက် အရသာကိုမြည်းကြည့်ပါ။

 

Betel Nuts & Assortments ကြမ္းသီးေရာင္း၀ယ္ေရးလုပ္ငန္းေပါင္း ၈၉၀ ခုကိုရွာရန္ႏွိပ္ပါ။


ပြီးရင်တော့ အပေါ်မှ ဆော့စ်အရည်ကို ဘဲဥပန်းကန်ထဲသို့ လောင်းထည့်လိုက်ပါ။


ပြီးနောက် သံပရာသီးကို အကွင်းလိုက်လှီးပြီး စီထည့်၍ အလှဆင်ပေးထားပါ။


ပြီးရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ဘဲဥသံပရာကို ထမင်းပူပူလေးနဲ့တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>>  ရခိုင္အစားအစာ သီးစုံရခိုင္ေလွာ္ဟင္း

 


Myanmar Food Industry Directory

 

 

 

 

 

 

အဆီေရွာင္သူေတြအတြက္ ခ်ဥ္ငံစပ္ ဘဲဥသံပရာ

 

က်န္းမာေရးနဲ႕ညီညြတ္ၿပီး အဆီမစားသူေတြအတြက္လည္း အဆင္ေျပေစမယ့္ ခ်ဥ္ငံစပ္ ဘဲဥသံပရာ လုပ္နည္းေလးကို ေအာက္တြင္ေဖာ္ျပေပးလိုက္ပါတယ္။


ပါဝင္ပစၥည္းမ်ားကေတာ့ ဘဲဥ၊ သံပရာသီး၊ စပါးလင္၊ င႐ုတ္သီးစိမ္းအနီေတာင့္၊ ၾကက္သြန္ျဖဴ၊ ခ်င္း၊ ငံျပာရည္၊ ၾကက္သားမႈန္႕၊ ဆား၊ သၾကား၊ နံနံပင္၊ ရွမ္းနံနံတို႕ လိုအပ္ပါမယ္။

 

Onion, Garlic, Potato, Tamarind Warehouses ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ အာလူး၊ မန္က်ည္းသီး ေရာင္း၀ယ္ေရးဆိုင္ေပါင္း ၂၄၆ ခုကိုရွာရန္ႏွိပ္ပါ။

 

ပထမဦးဆံုး ဘဲဥကို ျပဳတ္ထားပါ။ ၿပီးလွ်င္ ဘဲဥကို အခြံႏႊာၿပီး ထက္ျခမ္းျခမ္းထားပါ။

 


ခ်ဥ္ငံစပ္ျပဳလုပ္ဖုိ႕အတြက္ သံပရာရည္၊ ငံျပာရည္၊ ဆား၊ ၾကက္သားမႈန္႕၊ သၾကားတို႕ကို ပန္းကန္လံုးထဲသို႕ ထည့္လိုက္ပါ။ ၿပီးေနာက္ ေရေႏြးထည့္ၿပီးရင္ေတာ့ ေဆာ့စ္ရည္ကိုရပါၿပီ။

 


ၿပီးလွ်င္ ပန္းကန္တစ္ခုထဲသုိ႕ ဘဲဥထက္ျခမ္းျခမ္းထားတာကိုထည့္ စပါးလင္၊ င႐ုတ္သီးအစိမ္းေတာင့္ ၾကက္သြန္ျဖဴ၊ ခ်င္းတို႕ထည့္ၿပီး သမေအာင္ ေရာေမႊေပးပါ။ ၿပီးေနာက္ အရသာကိုျမည္းၾကည့္ပါ။

 

Betel Nuts & Assortments ကြမ္းသီးေရာင္း၀ယ္ေရးလုပ္ငန္းေပါင္း ၈၉၀ ခုကိုရွာရန္ႏွိပ္ပါ။

 


ၿပီးရင္ေတာ့ အေပၚမွ ေဆာ့စ္အရည္ကို ဘဲဥပန္းကန္ထဲသို႕ ေလာင္းထည့္လိုက္ပါ။

 


ၿပီးေနာက္ သံပရာသီးကို အကြင္းလိုက္လွီးၿပီး စီထည့္၍ အလွဆင္ေပးထားပါ။

 


ၿပီးရင္ေတာ့ ခ်ဥ္ငံစပ္အရသာေလးနဲ႕ ဘဲဥသံပရာကို ထမင္းပူပူေလးနဲ႕တြဲဖက္၍ ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။

 

Read More >>>>>  ရခိုင္အစားအစာ သီးစုံရခိုင္ေလွာ္ဟင္း


Myanmar Food Industry Directory

Read times Last modified on Tuesday, 25 February 2020 17:05
Rate this item
(1 Vote)