Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချိုချဉ်အရသာ ပန်းသီးကြက်ဥကပ်ကြော်

Unicode

 ချိုချဉ်အရသာ ပန်းသီးကြက်ဥကပ်ကြော်

အလုပ်ပိတ်ရက်၊ ကျောင်းပိတ်တဲ့ရက်ကလေးမှာ မိသားစုဆုံတုန်းလေး လုပ်စားလို့လွယ်ကူပြီး ပန်းသီးကြိုက်တဲ့သူတွေအတွက် ပန်းသီးကြက်ဥကပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

မုန့်မျိုးစုံလုပ်ငန်းများ (၄၆) ခုကိုရှာရန်နှိပ်ပါ။

 

လိုအပ်သည့်အမယ်များကတော့ ပန်းသီး၊ ကြက်ဥ၊ ဂျုံမှုန့်၊ သကြား၊ မုန့်ကြွပ်ကြော်၊ ဆီ တို့ လိုအပ်ပါတယ်။

 

ဝက်သားပေါင်း ပြုလုပ်နည်း


အရင်ဆုံး ပန်းသီးကို အခွံနွှာပြီး အကွင်းလိုက် မထူမပါးပုံစံ လှီးထားပါ။ အလယ်အူတိုင်ကို ထုတ်ပစ်ပါ။ ပြီးလျှင် ရေဆေးသန့်စင်ပြီး ပန်းသီးကို ဆားနှင့်နယ်ထားပါ။

 

ပြီးနောက် ဂျုံမှုန့်နှင့် သကြားကို ရေထည့်ပြီး ပျစ်ပျစ်ဖျော်ထားပါ။ ကြက်ဥကို ခွဲပြီး မွှေထားပါ။ မုန့်ကြွပ်ကြော်ကို ပန်းကန်ထဲထည့်ထားပါ။

 

ကလေးအကြိုက် ချိစ်ပြောင်းဖူးကြော် လုပ်စားကြရအောင်

 

ပြီးလျှင် ပန်းသီးလှီးထားတဲ့အကွင်းကို ဂျုံမှုန့်ထဲအရင်နှစ်ပါ။ ကြက်ဥမွှေထားတဲ့အရည်လူးလိုက်ပါ။

 

ပြီးရင်တော့ မုန့်ကြွပ်ကြော်ကပ်ပြီး ဆီပူပူထဲတွင်ထည့်ပြီး အညိုရောင်သန်းသည်အထိ ကြော်ပေးပါ။

 

နောက်ဆုံးမှာတော့ ချိုချဉ်အရသာ ပန်းသီးကြက်ဥကပ်ကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။


#Myanmar Food Industry Directory (WWH)

 

 


 


 

မုန့်မျိုးစုံလုပ်ငန်းများ (၄၆) ခုကိုရှာရန်နှိပ်ပါ။

 




 

ဝက်သားပေါင်း ပြုလုပ်နည်း

 


 


 


 

ကလေးအကြိုက် ချိစ်ပြောင်းဖူးကြော် လုပ်စားကြရအောင်

 


 



 

 

 

Read times Last modified on Friday, 14 February 2020 15:37
Rate this item
(0 votes)