Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားပလာတာပြုလုပ်နည်း

Unicode ျဖင့္ဖတ္ရန္


ကြက်သားပလာတာပြုလုပ်နည်း


အလှူများပွဲများ၊ မင်္ဂလာပွဲများတွင် တွေ့ရတတ်သော ကြက်သားပလာတာပြုလုပ်နည်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်မည့်အမယ်များကတော့ ကြက်သား ၅၀ ကျပ်သား၊ ကုလားပဲ ၁၀ ကျပ်သား၊ ကြက်သွန်နီ အနည်းငယ်၊ ငရုပ်သီးမှုန့် အနည်းငယ်၊ မဆလာ အနည်းငယ်၊ ဆီ အနည်းငယ်၊ ဆား အနည်းငယ်၊ သစ်ဂျပိုးခေါက် အနည်းငယ်တို့ လိုအပ်ပါမယ်။

 

Dairies ႏို႔ထြက္ပစၥည္းလုပ္ငန္းေပါင္း ၈၁ ခုကိုရွာရန္ႏွိပ္ပါ။

 

ပထမဦးဆုံး ကြက်သားဟင်းကို အရင်ချက်ရပါမယ်။

 

ကုလားပဲကို ဆားလေးထည့်ပြီး ရေစိမ်ထားပါ။

 

ဆားထည့်ထားသည့်အတွက်ကြောင့် ပဲကို အကြာကြီး ပြုတ်စရာမလိုတော့ပေ။

 

ပဲရေစိမ်ထားတုန်း ကြက်သွန်နီကို လှီးဖြတ်ထားပါ။

 

ကြက်သားကို ဆား၊ အသားမှုန့်၊ နနွင်းအနည်းငယ်နှင့် နယ်ထားရပါမယ်။

 

ကုလားပဲကို ရေစင်အောင်ဆေးလိုက်ပါ။

 

ဒယ်အိုးတစ်ခုထဲတွင် ဆီထည့်ပြီး ကြက်သွန်နီနှင့် သစ်ဂျပိုးခေါက်တို့ကို ဆီသပ်ရပါမယ်။

 

ပြီးနောက် အနံ့မွှေးလာလျှင် ကြက်သားထည့်ပြီး ငရုတ်သီးမှုန့်ထည့်ရပါမယ်။

 

ကြက်သားများ ဖြူလာရင် ပြုတ်ထားတဲ့ပဲကိုထည့် ရေထည့်ပြီး အိုးအဖုံးအုပ်ထားရပါမယ်။

 

Read More >>>>>   ၾကက္ဥခ်ဥ္စပ္ဟင္းခ်က္နည္း

 

ရေဆူလာလျှင် မဆလာအနည်းငယ်ထည့် အပေါ့အငန်မြည်းပြီး မနူးသေးလျှင် ရေထပ်ထည့်ရပါမယ်။

 

ကြက်သားများ နူးနူးအိအိလေးစားချင်လျှင် မီးအေးအေးနဲ့ချက်နိုင်ပါတယ်။ မိမိတို့စိတ်ကြိုက် အသားနူးပြီဆိုရင် ကြက်ပဲဟင်းရပါပြီ။

 

ပလာတာကတော့ လက်ဖက်ရည်ဆိုင်တွေက လုပ်ပြီးသား ဝယ်ယူနိုင်ပါတယ်။

 

ပလာတာအေးနေလျှင် ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့် မီးအနည်းငယ်နှင့် အပူပေးနိုင်ပါတယ်။

 

အချဉ်အတွက် ကြက်သွန်နီ၊ သခွားသီးကို သံပရာရည်ညှစ်ပြီး ငရုတ်သီးစိမ်းပါးပါးလှီးထည့်ပါမယ်။

 

အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် ကြော်ထားတဲ့ ပလာတာကိုဖွလိုက်ပြီး ကြက်ပဲဟင်းကိုထည့်၍ အချဉ်လေးနှင့် တွဲဖက်စားသုံးနိုင်ပါတယ်။

 

Myanmar Food Industry Directory

 

 

 

 

ၾကက္သားပလာတာျပဳလုပ္နည္း

 

အလွဴမ်ားပြဲမ်ား၊ မဂၤလာပြဲမ်ားတြင္ ေတြ႕ရတတ္ေသာ ၾကက္သားပလာတာျပဳလုပ္နည္းကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။


လုိအပ္မည့္အမယ္မ်ားကေတာ့ ၾကက္သား ၅၀ က်ပ္သား၊ ကုလားပဲ ၁၀ က်ပ္သား၊ ၾကက္သြန္နီ အနည္းငယ္၊ င႐ုပ္သီးမႈန္႔ အနည္းငယ္၊ မဆလာ အနည္းငယ္၊ ဆီ အနည္းငယ္၊ ဆား အနည္းငယ္၊ သစ္ဂ်ပိုးေခါက္ အနည္းငယ္တို႔ လိုအပ္ပါမယ္။

 

Dairies ႏို႔ထြက္ပစၥည္းလုပ္ငန္းေပါင္း ၈၁ ခုကိုရွာရန္ႏွိပ္ပါ။

 

ပထမဦးဆံုး ၾကက္သားဟင္းကို အရင္ခ်က္ရပါမယ္။

 

ကုလားပဲကို ဆားေလးထည့္ၿပီး ေရစိမ္ထားပါ။

 

ဆားထည့္ထားသည့္အတြက္ေၾကာင့္ ပဲကို အၾကာႀကီး ျပဳတ္စရာမလို။

 

ပဲေရစိမ္ထားတုန္း ၾကက္သြန္နီကို လွီးျဖတ္ထားပါ။

 

ၾကက္သားကို ဆား၊ အသားမႈန္႔၊ နႏြင္းအနည္းငယ္ႏွင့္ နယ္ထားရပါမယ္။

 

ကုလားပဲကို ေရစင္ေအာင္ေဆးလိုက္ပါ။

 

ဒယ္အိုးတစ္ခုထဲတြင္ ဆီထည့္ၿပီး ၾကက္သြန္နီႏွင့္ သစ္ဂ်ပိုးေခါက္တို႔ကို ဆီသပ္ရပါမယ္။

 

ၿပီးေနာက္ အနံ႔ေမႊးလာလွ်င္ ၾကက္သားထည့္ၿပီး င႐ုတ္သီးမႈန္႔ထည့္ရပါမယ္။

 

ၾကက္သားမ်ား ျဖဴလာရင္ ျပဳတ္ထားတဲ့ပဲကိုထည့္ ေရထည့္ၿပီး အိုးအဖံုးအုပ္ထားရပါမယ္။

 

ေရဆူလာလွ်င္ မဆလာအနည္းငယ္ထည့္ အေပါ့အငန္ျမည္းၿပီး မႏူးေသးလွ်င္ ေရထပ္ထည့္ရပါမယ္။

 

Read More >>>>>   ၾကက္ဥခ်ဥ္စပ္ဟင္းခ်က္နည္း

 

ၾကက္သားမ်ား ႏူးႏူးအိအိေလးစားခ်င္လွ်င္ မီးေအးေအးနဲ႔ခ်က္ႏိုင္ပါတယ္။ မိမိတို႔စိတ္ႀကိဳက္ အသားႏူးၿပီဆိုရင္ ၾကက္ပဲဟင္းရပါၿပီ။

 

ပလာတာကေတာ့ လက္ဖက္ရည္ဆိုင္ေတြက လုပ္ၿပီးသား ၀ယ္ယူႏိုင္ပါတယ္။

 

ပလာတာေအးေနလွ်င္ ဒယ္အိုးထဲကို ဆီအနည္းငယ္ထည့္ မီးအနည္းငယ္ႏွင့္ အပူေပးႏိုင္ပါတယ္။

 

အခ်ဥ္အတြက္ ၾကက္သြန္နီ၊ သခြားသီးကို သံပရာရည္ညွစ္ၿပီး င႐ုတ္သီးစိမ္းပါးပါးလွီးထည့္ပါမယ္။

 

အားလံုးအဆင္သင့္ျဖစ္ၿပီဆိုလွ်င္ ေၾကာ္ထားတဲ့ ပလာတာကိုဖြလိုက္ၿပီး ၾကက္ပဲဟင္းကိုထည့္၍ အခ်ဥ္ေလးႏွင့္ တြဲဖက္စားသံုးႏိုင္ပါတယ္။

 

Myanmar Food Industry Directory

 

 

 

Read times Last modified on Thursday, 13 February 2020 09:13
Rate this item
(1 Vote)