Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပင်လယ်စာဂုံးချဉ်စပ်လေးကို ဘယ်လိုအရသာရှိအောင်ချက်မလဲ

Unicode


ပင်လယ်စာဂုံးချဉ်စပ်လေးကို ဘယ်လိုအရသာရှိအောင်ချက်မလဲ


ပင်လယ်စာ ကြိုက်နှစ်သက်သူများအတွက် ဆိုင်တွင် သွားရောက် သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်ပြီး ချက်ရတာလည်းမြန် စားလို့ကောင်းတဲ့အတွက် ဂုံးချဉ်စပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ ဂုံး၊ ငရုတ်သီး အရောင်တင်မှုန့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက် သွန်နီ၊ ခရမ်းချဉ်သီးဆော့စ်၊ ခရမ်းချဉ်သီး၊ ဆား၊ ငံပြာရည်၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆီတို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ဂုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ပြီးလျှင် ဟင်းချက်ရန် လိုအပ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို လှီးဖြတ်ထားပါ။ ပြီးနောက်ဒယ်အိုးကို မီးဖိုပေါ်တင်ဆီ ထည့်လိုက်ပါ။ ဆီပူလာတာနဲ့ လှီး ထားသော ကြက်သွန်နီ၊ ကြက်သွန် ဖြူနဲ့ ငရုတ်သီး အရောင်တင်မှုန့်၊ ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး ဆီသတ်ပေးပါ။


Read More>>>>>     ဘာေတြစားရမလဲ၊ ဘာေတြေရွာင္ရမလဲ


ဆီသတ်နံ့မွှေးလာတာနဲ့ ခရမ်းချဉ်သီးများကိုထည့်ပြီး ဆီသတ်ပေးပါ။ ခရမ်းချဉ်သီးများ နွမ်းလာတာနဲ့ ရေစစ် ထားသော ဂုံးများနဲ့ ဆား၊ ငံပြာရည်နဲ့ ဟင်းခတ်မှုန့်တို့ကို ထည့်မွှေပေးပါ။ ပြီးတာနဲ့ ရေထည့်ပြီး ပွက်ပွက်ဆူ အောင်တည်ပေးပါ။

 

စားေသာက္ကုန္နဲ႕ပတ္သက္တဲ့ အခ်က္အလက္မ်ားရွာခ်င္ရင္ ဒီေနရာကိုႏွိပ္ပါ။


ဂုံးများကျက်လာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ရေမခမ်းခင် မီးဖိုပေါ်မှ ချလိုက်ပါ။ ပြီးရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံသော ခရမ်းချဉ်သီးဆော့စ်လေးနှင့် ဂုံးချဉ်စပ်လေးကို မြိန်ယှက်စွာ တွဲဖက်ပြီး သုံးဆောင်နိုင်ပါတယ်။

 

Myanmar Food Industry Directory

 

 

ပင္လယ္စာဂံုးခ်ဥ္စပ္ေလးကို ဘယ္လိုအရသာရွိေအာင္ခ်က္မလဲ

 

ပင္လယ္စာ ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဆိုင္တြင္ သြားေရာက္ သုံးေဆာင္စရာမလိုဘဲ အိမ္တြင္လည္း လြယ္လင့္တကူ ျပဳလုပ္ႏိုင္ၿပီး ခ်က္ရတာလည္းျမန္ စားလို႔ေကာင္းတဲ့အတြက္ ဂုံးခ်ဥ္စပ္ခ်က္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ဂုံး၊ င႐ုတ္သီး အေရာင္တင္မႈန႔္၊ င႐ုတ္သီးစိမ္း၊ ၾကက္သြန္ျဖဴ၊ ၾကက္ သြန္နီ၊ ခရမ္းခ်ဥ္သီးေဆာ့စ္၊ ခရမ္းခ်ဥ္သီး၊ ဆား၊ ငံျပာရည္၊ နႏြင္းမႈန႔္၊ ဟင္းခတ္မႈန႔္၊ ဆီတို႔ လိုအပ္ပါမယ္။

 


ပထမဦးဆုံး ဂုံးမ်ားကို ေရစင္ေအာင္ေဆးၿပီး ေရစစ္ထားပါ။ ၿပီးလွ်င္ ဟင္းခ်က္ရန္ လိုအပ္ေသာ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴတို႔ကို လွီးျဖတ္ထားပါ။ ၿပီးေနာက္ဒယ္အိုးကို မီးဖိုေပၚတင္ဆီ ထည့္လိုက္ပါ။ ဆီပူလာတာနဲ႔ လွီး ထားေသာ ၾကက္သြန္နီ၊ ၾကက္သြန္ ျဖဴနဲ႔ င႐ုတ္သီး အေရာင္တင္မႈန႔္၊ င႐ုတ္သီးစိမ္းတို႔ကို ထည့္ၿပီး ဆီသတ္ေပးပါ။

 


Read More>>>>>     ဘာေတြစားရမလဲ၊ ဘာေတြေရွာင္ရမလဲ

 


ဆီသတ္နံ႔ေမႊးလာတာနဲ႔ ခရမ္းခ်ဥ္သီးမ်ားကိုထည့္ၿပီး ဆီသတ္ေပးပါ။ ခရမ္းခ်ဥ္သီးမ်ား ႏြမ္းလာတာနဲ႔ ေရစစ္ ထားေသာ ဂုံးမ်ားနဲ႔ ဆား၊ ငံျပာရည္နဲ႔ ဟင္းခတ္မႈန႔္တို႔ကို ထည့္ေမႊေပးပါ။ ၿပီးတာနဲ႔ ေရထည့္ၿပီး ပြက္ပြက္ဆူ ေအာင္တည္ေပးပါ။

 

စားေသာက္ကုန္နဲ႕ပတ္သက္တဲ့ အခ်က္အလက္မ်ားရွာခ်င္ရင္ ဒီေနရာကိုႏွိပ္ပါ။

 


ဂုံးမ်ားက်က္လာတာနဲ႔ အရသာျမည္းကာ လိုသလိုျပင္ေပးၿပီး ေရမခမ္းခင္ မီးဖိုေပၚမွ ခ်လိုက္ပါ။ ၿပီးရင္ေတာ့ အနံ႔ အရသာနဲ႔ ျပည့္စုံေသာ ခရမ္းခ်ဥ္သီးေဆာ့စ္ေလးႏွင့္ ဂုံးခ်ဥ္စပ္ေလးကို ၿမိန္ယွက္စြာ တြဲဖက္ၿပီး သုံးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory

Read times Last modified on Wednesday, 05 February 2020 17:48
Rate this item
(0 votes)