Myanmar
ရှမ်းစတိုင်လ် မုန့်ဖက်ထုပ်
ရှမ်းပြည်မှာသာ တွေ့ရတဲ့ ရှမ်းမုန့်ဖက်ထုပ်ဖြစ်ပါတယ်။ ရိုးရိုးသကြားမုန့်ဖက်ထုပ်နဲ့
အနံ့ရောအရသာ ကွဲပြားပြီး ပြုလုပ်ရလွယ်ကူ၍ သင်းပျံ့တဲ့ငှက်ပျောဖက်ရနံ့နဲ့ ရှမ်းမုန့်ဖက်ထုပ်ကို အိမ်တွင်လည်း လုပ်စားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ကောက်ညင်းမှုန့်၊ ကြံသကာ၊ ငှက်ပျောဖက် တို့ လိုအပ်ပါမယ်။
ပြုလုပ်နည်းကတော့ ပထမဆုံူး ကြံသကာကိုရေထည့်ပြီး အပူပေးကာပျော်အောင်ပြုလုပ်၍ အမှိုက်စစ်ပြီး အအေးခံထားပါ။
ပြီးလျှင် ပန်းကန်တစ်ခုတွင်ကောက်ညင်းမှုန့်နှင့် ကြံသကာရည်ကို ရောနယ်ထားပါ။ မာနေလျှင် ရေအနည်းငယ် ထည့်ပေးနိုင်ပါတယ်။
ပြီးနောက် မီးပြထားသော ငှက်ပျောဖက်ကို သန့်စင်ပြီး အညီအမျှခွဲ၍ ဖက်နဲ့ထုပ်ကာ ပေါင်းမည့်ဇကာတွင် စီထည့်ထားပါ။
ပြီးရင်တော့ အသင့်တည်ထားသော ရေနွေးပေါင်းခံအိုးတွင် ထည့်ပြီး နာရီဝက်ခန့်ပေါင်းကာ အတွင်းသား ကျက်မကျက် စစ်ကြည့်ပြီး အအေးခံ၍ အသင့်သုံးဆောင်နိုင်ပါတယ်။