Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


နေထိုင်မကောင်းတဲ့သူတွေ စားသင့်တဲ့ ငါးရံ့ဆန်ပြုတ်

ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် နေထိုင်မကောင်းရင် ထမင်းကျွေးရင် အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် နေမကောင်းတဲ့အချိန်မှာ သောက်သင့်တဲ့ ငါးရံ့  ဆန်ပြုတ် ပြုတ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ငါးရံ့ ၊ ဆန်၊ ဆား၊ ငရုတ်ကောင်း၊ စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ငါးရံ့ကို သန့်စင်ပြီး ဆား၊ ချင်းနှင့် စပါးလင်တို့ကို ရေအနည်းငယ် ထည့်ပြီး ပြုတ်လိုက်ပါ။


ပြီးနောက် ငါးရပြီဆိုလျှင် အရိုးနွှင်ထားပါ။


ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူကို ဆီသတ်ပေးပါ။


ပြီးနောက် ဆီမွှေးလာလျှင် ငါးကို ရေခမ်းခြောက်အောင် အိုးကင်းပူတိုက်ပေးပါ။

 

Read More >>>>>  ချဉ်ငံစပ် ရှူးရှဲမျှစ်သုပ်ထောင်း


ပြီးလျှင် ချက်ပြီးသားဆန်ကို ကွဲပြဲနေအောင် ရေထည့်ချက်ပါ။ အရသာအတွက် ဆားကို ထည့်ပါ။


ကျက်ပြီဆိုရင်တော့ ဆန်ပြုတ်ကို ပန်းကန်လုံးထဲထည့်၊ ဆီနဲ့လှော်ထားတဲ့ငါးကိုထည့်၊ ငရုတ်ကောင်းမှုန့်ထည့်ပြီး မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။


#Myanmar Food Industry Directory (WWH)

Read times Last modified on Friday, 26 July 2019 09:45
Rate this item
(0 votes)