Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ငံစပ် ဆိတ်အူပြုပ် အရည်သောက်ဆမ်း

Unicode

ချဉ်ငံစပ် ဆိတ်အူပြုပ် အရည်သောက်ဆမ်း


ဆိတ်အူလေးတွေကို ချက်မစားဘဲ ထမင်းမြိန်စေမယ့် အရည်သောက်ဆမ်းလေးပြုလုပ်ဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဆိတ်အူ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ငရုတ်ဆီအနှစ်၊ နံနံပင်၊ ပူစီနံ၊ ဟင်းခတ်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူဆီချက်ဖတ်၊ သံပရာသီးတို့လိုအပ်ပါမယ်။


ပထမဦးဆုံး အရွက်များဖြစ်တဲ့ နံနံပင်ကို ရေဆေးပြီးလှီးထားပါ။  ပူစီနံကိုလည်း  ရေဆေးထားပါ။


Noodles (Instant) (47)အသင့္စားေခါက္ဆြဲလုပ္ငန္းမ်ား (၄၇) ခုကို ရွာရန္ႏွိပ္ပါ။


ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။ သံပရာသီးကို အလုံးလိုက် ရေဆးပြီး အစိတ်လေးတွေဖြစ်အောင် လှီးထားပါ။


 ဆိတ်အူကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ။  ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ။  ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လှီးထားပါ။ စပါးလင် အရင်းပိုင်းကို ရေဆေးပြီး လှီးပေးထားပါ။ စပါးလင်အရွက်များကို ရေဆေးပြီး အထုံးလေး ထုံးပေးထားပါ။ ချင်းကို အခွံခွာပြီး ရေဆေးကာ လှီးထားပါ။


ပြီးရင်တော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနှင့် စပါးလင်တို့ကို ညက်နေအောင် ထောင်းပေးပါ။


ပြီးနောက်အိုးထဲမှာ ဆိတ်အူများကို ထည့်ပေးပြီး ဆီ၊ စပါးလင်ရွက်အထုံး၊ ငရုတ်သီးအနှစ်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးထောင်း၊ ဆား၊ ဟင်းခတ်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ ဝင်သွားအောင် နယ်ပေးပါ။


Read More >>>>>  ထမင်းမြိန်စေမယ့် ဆိတ်ဖူးထောင်း


ပြီးနောက်အရသာ ဝင်သွားတာနဲ့ ရေအနည်းငယ်ထည့်ပြီး  ပွက်ပွက်ဆူအောင် တည်ပေးပါ။   ရေဆူလာပြီးပါက အကျက်ညီစေရန် မွှေပေးပါ။


    
ပြီးလျှင် ဆိတ်အူများ မာလာတာနဲ့ ရေကိုမိမိ လိုသလောက်ထည့်ပေးပြီး ဟင်းအိုးကို ဆက်တည်ပေးပါ။


ပြီးနောက် ရေပွက်ပွက် ဆူလာတာနဲ့ အရသာကို မြည်းပြီး လိုသလို ပြင်ပေးပါ။


အရသာ အနေတော်ရပြီဆိုတာနဲ့ ပန်းကန်တစ်လုံးထဲမှာ မိမိစားနိုင်သလောက်ထည့် ကြက်သွန်ဖြူဆီချက်ဖတ်၊ ငရုတ်သီးစိမ်း၊ သံပရာရည် နံနံပင်နှင့် ပူစီနံတို့ ထည့်၍ သုံးဆောင်နိုင်ပါတယ်။


#MFID

 

 

 

ခ်ဥ္ငံစပ္ ဆိတ္အူျပဳပ္ အရည္ေသာက္ဆမ္း

 

ဆိတ္အူေလးေတြကို ခ်က္မစားဘဲ ထမင္းၿမိန္ေစမယ့္ အရည္ေသာက္ဆမ္းေလးျပဳလုပ္ဖို႕အတြက္ ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။


ပါ၀င္ပစၥည္းမ်ားကေတာ့ ဆိတ္အူ၊ ခ်င္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ စပါးလင္၊ င႐ုတ္ဆီအႏွစ္၊ နံနံပင္၊ ပူစီနံ၊ ဟင္းခတ္မႈန္႕၊ ဆား၊ င႐ုတ္ေကာင္းမႈန္႕၊ ၾကက္သြန္ျဖဴဆီခ်က္ဖတ္၊ သံပရာသီးတို႕လိုအပ္ပါမယ္။

 

ပထမဦးဆံုး အရြက္မ်ားျဖစ္တဲ့ နံနံပင္ကို ေရေဆးျပီးလွီးထားပါ။  ပူစီနံကိုလည္း  ေရေဆးထားပါ။

 

Noodles (Instant) (47)အသင့္စားေခါက္ဆြဲလုပ္ငန္းမ်ား (၄၇) ခုကို ရွာရန္ႏွိပ္ပါ။


ငရုတ္သီးစိမ္းကို ေရေဆးျပီး ခပ္ပါးပါး လွီးထားပါ။ သံပရာသီးကို အလံုးလိုက္ ေရဆးၿပီး အစိတ္ေလးေတြျဖစ္ေအာင္ လွီးထားပါ။

 

 ဆိတ္အူကို ေရစင္ေအာင္ေဆးျပီး အေနေတာ္ အတံုးေလးေတြ ပိုင္းေပးပါ။  ၾကက္သြန္ျဖဴကို အခြံခြာကာ ေရေဆးထားပါ။  ၾကက္သြန္နီကို အခြံခြာျပီး အလံုးလိုက္ ေရေဆးကာ လွီးထားပါ။ စပါးလင္ အရင္းပိုင္းကို ေရေဆးျပီး လွီးေပးထားပါ။ စပါးလင္အရြက္မ်ားကို ေရေဆးျပီး အထံုးေလး ထံုးေပးထားပါ။ ခ်င္းကို အခြံခြာျပီး ေရေဆးကာ လွီးထားပါ။

 

ၿပီးရင္ေတာ့ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ခ်င္းႏွင္႔ စပါးလင္တို႔ကို ညက္ေနေအာင္ ေထာင္းေပးပါ။

 

ၿပီးေနာက္အိုးထဲမွာ ဆိတ္အူမ်ားကို ထည့္ေပးျပီး ဆီ၊ စပါးလင္ရြက္အထံုး၊ င႐ုတ္သီးအႏွစ္၊ ငရုတ္ေကာင္းမွဳန္႔၊ ငရုတ္သီးေထာင္း၊ ဆား၊ ဟင္းခတ္မႈန္႕ႏွင္႔ ငရုတ္ေကာင္းမွဳန္႔တို႔ထည္႔ကာ အရသာ ဝင္သြားေအာင္ နယ္ေပးပါ။

 

Read More >>>>>  ထမင္းၿမိန္ေစမယ့္ ဆိတ္ဖူးေထာင္း

 

ၿပီးေနာက္အရသာ ဝင္သြားတာနဲ႔ ေရအနည္းငယ္ထည္႔ျပီး  ပြက္ပြက္ဆူေအာင္ တည္ေပးပါ။   ေရဆူလာျပီးပါက အက်က္ညီေစရန္ ေမႊေပးပါ။


    
ၿပီးလွ်င္ ဆိတ္အူမ်ား မာလာတာနဲ႔ ေရကိုမိမိ လိုသေလာက္ထည္႔ေပးျပီး ဟင္းအိုးကို ဆက္တည္ေပးပါ။

 

ၿပီးေနာက္ ေရပြက္ပြက္ ဆူလာတာနဲ႔ အရသာကို ျမည္းျပီး လိုသလို ျပင္ေပးပါ။

 

အရသာ အေနေတာ္ရျပီဆိုတာနဲ႔ ပန္းကန္တစ္လံုးထဲမွာ မိမိစားႏိုင္သေလာက္ထည့္ ၾကက္သြန္ျဖဴဆီခ်က္ဖတ္၊ ငရုတ္သီးစိမ္း၊ သံပရာရည္ နံနံပင္ႏွင္႔ ပူစီနံတို႔ ထည္႔၍ သံုးေဆာင္ႏိုင္ပါတယ္။

 

#MFID

Read times Last modified on Saturday, 22 February 2020 08:49
Rate this item
(0 votes)