Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ငံစပ် ငါးကွန်းရှပ်ခြောက်ချက်

Unicode

ချဉ်ငံစပ် ငါးကွန်းရှပ်ခြောက်ချက်


အစပ်ကြိုက်နှစ်သက်သူများအတွက် ငါးကွန်းရှပ်ခြောက်အစပ်ချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ငါးကွန်းရှပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်အပုတောင့်၊ ဆီ၊ ငရုတ်သီးစိမ်း၊ ငါးပိရည်တို့ လိုအပ်ပါမယ်။


ပထမဦးဆုံးငါးကွန်းရှပ်ခြောက်ကို ရေဆေးပြီး အနေတော်တုံးထားပါ။
 

ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်အပုတောင့်တို့ကို ကြိတ်ထားပေးပါ။


ပြီးနောက် ငရုတ်သီးစိမ်းကို မညက်တညက်ကြိတ်ထားပေးပါ။

 

Cracker Fish & Prawn (19)ငါးမုန့်နဲ့ပုစွန်မုန့်ထုတ်လုပ်ငန်းများ (၁၉) ခုကိုရှာရန်နှိပ်ပါ။


ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်ပါ။ ဆီပူလာလျှင် ငါးခြောက်များထည့်ပြီး မွှေပေးထားပါ။


ပြီးနောက် အနံ့မွှေးလာလျှင်  ဆယ်ထားပါ။  ငါးပိရည်ကို ကျိုပေးထားပါ။


ပြီးလျှင် ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်အပုတောင့်တို့ကို ဆီသတ်ပေးပါ။


ပြီးနောက် ဆယ်ထားတဲ့ ငါးခြောက်ကြော်ကိုထည့်လိုက်ပါ။ ငါးပိရည်ကျိုထားတာကို စစ်ထည့်ပါ။


Read More >>>>>  ချဉ်ငံစပ် ဆိတ်အူပြုပ် အရည်သောက်ဆမ်း


ပြီးလျှင် အရသာကို အဆင်ပြေအောင်ထည့်ပါ။ ပြီးတော့မှ ငရုတ်သီးကို ထည့်မွှေပေးပါ။


ပြီးရင်တော့ ဟင်းအိုးကို အဖုံးခဏအုပ်ထားပြီး ဆူလာလျှင်တော့ ချဉ်ငံစပ် ငါးကွန်းရှပ်ခြောက်ချက်လေးကို ထမင်းပူပူလေးနဲ့မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

 

 


 


 


 

 


 


 

Cracker Fish & Prawn (19)ငါးမုန့်နဲ့ပုစွန်မုန့်ထုတ်လုပ်ငန်းများ (၁၉) ခုကိုရှာရန်နှိပ်ပါ။

 


 


 


 


 


 


 


 


Read times Last modified on Friday, 21 February 2020 17:33
Rate this item
(0 votes)