Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းစားမြိန်စေမယ့် နှမ်းဖတ်ချဉ်နှင့် ဝက်သားချက်

Unicode


ထမင်းစားမြိန်စေမယ့် နှမ်းဖတ်ချဉ်နှင့် ဝက်သားချက်


ဝက်သားကို ပုံမှန်အတိုင်းမချက်စားဘဲ နှမ်းဖတ်ချဉ်နှင့် ဝက်သားချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


Wheat (38)ဂျုံလုပ်ငန်းများ ၃၈ ခုကိုရှာရန်နှိပ်ပါ။


ပါဝင်ပစ္စည်းများကတော့ ဝက်သား၊ နှမ်းဖတ်ချဉ်၊ ခရုဆီ၊ ချင်း၊ ဟင်းချက်အနှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံမြစ်၊ ဆား၊ ကြက်သားမှုန့်တို့လိုအပ်ပါမယ်။


ဝက်သားသုံးထပ်သားကို ရေစင်အောင်ဆေးပြီး အရွယ်တော်အတုံးကလေးများဖြစ်အောင် လှီးဖြတ်ထားပါ။


ပြီးနောက် ဝက်သားကို ခရုဆီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံမြစ်၊ ဆားနှင့် ရေအနည်းငယ် ထည့်၍ ပေါင်းမယ့်အိုးထဲထည့်ပြီး ၁၅ မိနစ်ခန့်ပေါင်းထားပါ။


Read More >>>>>  အရွိုင်-ဒီ (AROY-D) အသင့်သုံးအုန်းနို့ဗူး


ပြီးလျှင် ပေါင်းထားတဲ့ ဝက်သားနှင့် အရည်ကို ခွဲထားပါ။ အရည်ကို ချက်မည့်ဒယ်အိုးထဲ ထည့်ပြီး နံနံမြစ်ကို ထုတ်ပါ။


ပြီးနောက် နှမ်းဖတ်ချဉ်နှင့် ဟင်းချက်အနှစ်ကို ရော၍ ဆူပွက်သည်အထိ ချက်ပါ။ ပြီးရင် ကြက်သားမှုန့်ထည့်လိုက်ပါ။


ပြီးရင်တော့ ပန်းကန်လုံးထဲထည့်ပြီး ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။


#Myanmar Food Industry Directory

 

 


 


 


 


 


 


 


 


 


 


 


Read times Last modified on Friday, 28 February 2020 09:44
Rate this item
(0 votes)