Myanmar
အဆာပြေအတွက် ပူတင်းပေါင်မုန့်လုပ်နည်း
ကလေးများအကြိုက်တွေ့စေမည့်အပြင် အဆာပြေအတွက် မြန်မြန်နှင့် လွယ်လင့်တကူပြုလုပ်နိုင်တဲ့
ပူတင်းပေါင်မုန့်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ပေါင်မုန့်၊ ကြက်ဥ၊ သကြား၊ နို့၊ ထောပတ် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပေါင်မုန့်များကို မိုက်ခရိုဝေ့လ်ထဲသို့ ထည့်ရတဲ့ ခွက်အသေးတစ်ခွက်ထဲသို့ အပိုင်း ကလေးတွေလုပ်ပြီး ထည့်လိုက်ပါ။
ကျန်တဲ့ ကြက်ဥ၊ သကြား၊ နို့၊ ထောပတ် တို့ကို သမအောင် ရောမွှေပြီး ပေါင်မုန့်ခွက်ထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပါ။
ပြီးလျှင် ပူတင်းခွက်အောက်က နောက်ထပ်ကြီးတဲ့ ခွက်တစ်ခွက်ထဲ ရေဖြည့်ပြီး မိုက်ခရိုဝေ့လ်ထဲသို့ မိနစ်အနည်းငယ်ခန့်ထည့်ပြီးရင်တော့ လွယ်ကူပြီး အရသာရှိတဲ့ ပူတင်းပေါင်မုန့်လေးကို အဆာပြေ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။
Read More >>>>> ကိုရီးယားစတိုင်လ် ၀က်သားကင်မ်ချီဟင်းရည်