Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အဆိပ်အတောက်မဖြစ်အောင် ကြက်ဥများကို ရေခဲသေတ္တာတံခါးအပေါ်နားမှာ မထည့်ပါနဲ့

Unicode

အဆိပ်အတောက်မဖြစ်အောင် ကြက်ဥများကို ရေခဲသေတ္တာတံခါးအပေါ်နားမှာ မထည့်ပါနဲ့


အစားအသောက်ဆိုင်ရာ လေ့လာသူတွေက ကြက်ဥကို ရေခဲသေတ္တာထဲမှာ နည်းစနစ်မှန်မှန်ကန်ကန်နဲ့ သိမ်းဆည်းသင့်ကြောင်းပြောဆိုခဲ့ပြီး ကြက်ဥများကို ရေခဲသေတ္တာ တံခါးနားမှာ မသိမ်းထားသင့်ဘဲ ရေခဲသေတ္တာအလယ်ထပ်မှာသာ ကြက်ဥကဒ်နဲ့ စနစ်တကျ သိမ်းသင့်ကြောင့်ဆိုခဲ့ပါတယ်။


ဘာကြောင့်လဲဆိုတော့ ရေခဲသေတ္တာ တံခါးနားမှာ ကြက်ဥကိုသိမ်းထားတဲ့အခါ ရေခဲသေတ္တာကိုဖွင့်လိုက်တိုင်း ကြက်ဥရဲ့ အပူချိန်က ခဏခဏပြောင်းလဲနေတဲ့အတွက် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။


Egg Retail & Wholesale ဥ လက်လီ/လက်ကားရောင်းဝယ်ရေး (၂၄၃) ခုကိုရှာရန်နှိပ်ပါ။


အင်္ဂလန်နိုင်ငံ Good Housekeeping မဂ္ဂဇင်းအရ ကြက်ဥများကို အပူချိန်ပြောင်းလဲခြင်းနဲ့ အဆိပ်အတောက်မဖြစ်စေရန်အတွက် ကြက်ဥများကို ရေခဲသေတ္တာတံခါးမှာမသိမ်းထားသင့်ကြောင်းပြောဆိုခဲ့ပြီး Good Housekeeping မဂ္ဂဇင်းအယ်ဒီတာ ဖြစ်သူကတော့ ” ရေခဲသေတ္တာတံခါးမှာပဲ ကြက်ဥများကို သိမ်းထားမယ်ဆိုရင် အပူချိန် ခဏခဏ ပြောင်းလဲမှုကြောင့် ကြက်ဥကို ရောဂါပိုးမွှားများ ကူးစက်စေနိုင်ပါတယ်။


ဒါကြောင့် ကြက်ဥများကို အပူချိန် တသမတ်ထဲမှာပဲရှိတဲ့ ရေခဲသေတ္တာအလယ်ထပ်မှာပဲ သိမ်းဆည်းထားဖို့ တိုက်တွန်းချင်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။


Read More >>>>>    ထမင်းမြိန်စေမယ့် ချဉ်စပ် ငါးခြောက်ထောင်းကျော်


ဗြိတိန် ကြက်ဥဆိုင်ရာသတင်းအချက်အလက်အဖွဲ့ကြီးကတော့ ကြက်ဥများကို အပူချိန်တသမတ်တည်းရှိပြီး အပူချိန် ၂၀ ံC ( ၆၈ F )အောက်မှာသာ သိမ်းဆည်းသင့်ပြီး ကြက်ဥဟာ အနံ့များကိုစုပ်ယူနိုင်တဲ့အတွက် အနံ့ပြင်းတဲ့ အရာတွေနားမထားကြဖို့ ပြောကြားခဲ့ပါတယ်။


ဘရစ်စ္စတိုလ်တက္ကသိုလ်မှ တိရ စ္ဆာန်ဆေးကုသရေးဆိုင်ရာဌာနမှ ကျွမ်းကျင်သူနှစ်ယောက်ကတော့ အစာအဆိပ်ဖြစ်ပွားခြင်းကို ကာကွယ်ရန် ကြက်ဥများကိုအပူချိန် တသမတ်တည်းရှိတဲ့ နေရာမှာပဲ ထားရှိသင့်ကြောင်းပြောကြားခဲ့ပါတယ်။


ဒါ့အပြင် ရေခဲသေတ္တာထဲမှာ သိမ်းထားတဲ့ ကြက်ဥကို မချက်ပြုတ်ခင် တစ်နာရီလောက် အကြာမှာ အပြင်ထုတ်ထားသင့်ကြောင်းလည်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။


Myanmar Food Industry Directory

 

 

 

အဆိပ္အေတာက္မျဖစ္ေအာင္ ၾကက္ဥမ်ားကို ေရခဲေသတၱာတံခါးအေပၚနားမွာ မထည့္ပါနဲ႕

 

အစားအေသာက္ဆုိင္ရာ ေလ့လာသူေတြက ၾကက္ဥကို ေရခဲေသတၱာထဲမွာ နည္းစနစ္မွန္မွန္ကန္ကန္နဲ႕ သိမ္းဆည္းသင့္ေၾကာင္းေျပာဆုိခဲ့ျပီး ၾကက္ဥမ်ားကုိ ေရခဲေသတၱာ တံခါးနားမွာ မသိမ္းထားသင့္ဘဲ ေရခဲေသတၱာအလယ္ထပ္မွာသာ ၾကက္ဥကဒ္နဲ႕ စနစ္တက် သိမ္းသင့္ေၾကာင့္ဆုိခဲ့ပါတယ္။

 

ဘာေၾကာင့္လဲဆုိေတာ့ ေရခဲေသတၱာ တံခါးနားမွာ ၾကက္ဥကုိသိမ္းထားတဲ့အခါ ေရခဲေသတၱာကုိဖြင့္လုိက္တုိင္း ၾကက္ဥရဲ႕ အပူခ်ိန္က ခဏခဏေျပာင္းလဲေနတဲ့အတြက္ အဆိပ္အေတာက္ျဖစ္ေစႏုိင္ပါတယ္္။

 

Egg Retail & Wholesale ဥ လက္လီ/လက္ကားေရာင္းဝယ္ေရး (၂၄၃) ခုကိုရွာရန္ႏွိပ္ပါ။

 

အဂၤလန္ႏုိင္ငံ Good Housekeeping မဂၢဇင္းအရ ၾကက္ဥမ်ားကုိ အပူခ်ိန္ေျပာင္းလဲျခင္းနဲ႕ အဆိပ္အေတာက္မျဖစ္ေစရန္အတြက္ ၾကက္ဥမ်ားကုိ ေရခဲေသတၱာတံခါးမွာမသိမ္းထားသင့္ေၾကာင္းေျပာဆုိခဲ့ၿပီး Good Housekeeping မဂၢဇင္းအယ္ဒီတာ ျဖစ္သူကေတာ့ ” ေရခဲေသတၱာတံခါးမွာပဲ ၾကက္ဥမ်ားကုိ သိမ္းထားမယ္ဆုိရင္ အပူခ်ိန္ ခဏခဏ ေျပာင္းလဲမႈေၾကာင့္ ၾကက္ဥကုိ ေရာဂါပုိးမႊားမ်ား ကူးစက္ေစႏုိင္ပါတယ္။

 

ဒါေၾကာင့္ ၾကက္ဥမ်ားကုိ အပူခ်ိန္ တသမတ္ထဲမွာပဲရွိတဲ့ ေရခဲေသတၱာအလယ္ထပ္မွာပဲ သိမ္းဆည္းထားဖုိ႕ တုိက္တြန္းခ်င္ပါတယ္ ” လုိ႕ေျပာၾကားခဲ့ပါတယ္။

 

Read More >>>>>    ထမင္းၿမိန္ေစမယ့္ ခ်ဥ္စပ္ ငါးေျခာက္ေထာင္းေက်ာ္

 

ၿဗိတိန္ ၾကက္ဥဆုိင္ရာသတင္းအခ်က္အလက္အဖြဲ႕ႀကီးကေတာ့ ၾကက္ဥမ်ားကုိ အပူခ်ိန္တသမတ္တည္းရွိၿပီး အပူခ်ိန္ ၂၀ ံC ( ၆၈ F )ေအာက္မွာသာ သိမ္းဆည္းသင့္ၿပီး ၾကက္ဥဟာ အနံ႔မ်ားကုိစုပ္ယူႏုိင္တဲ့အတြက္ အနံ႔ျပင္းတဲ့ အရာေတြနားမထားၾကဖုိ႔ ေျပာၾကားခဲ့ပါတယ္။

 

ဘရစ္စၥတုိလ္တကၠသုိလ္မွ တိရ စၦာန္ေဆးကုသေရးဆုိင္ရာဌာနမွ ကၽြမ္းက်င္သူႏွစ္ေယာက္ကေတာ့ အစာအဆိပ္ျဖစ္ပြားျခင္းကုိ ကာကြယ္ရန္ ၾကက္ဥမ်ားကုိအပူခ်ိန္ တသမတ္တည္းရွိတဲ့ ေနရာမွာပဲ ထားရွိသင့္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

 

ဒါ့အျပင္ ေရခဲေသတၱာထဲမွာ သိမ္းထားတဲ့ ၾကက္ဥကုိ မခ်က္ျပဳတ္ခင္ တစ္နာရီေလာက္ အၾကာမွာ အျပင္ထုတ္ထားသင့္ေၾကာင္းလည္း ေျပာဆုိခဲ့ေၾကာင္း သိရပါတယ္။


Myanmar Food Industry Directory

Read times Last modified on Friday, 28 February 2020 16:19
Rate this item
(0 votes)