Myanmar
×
Warning
JUser: :_load: Unable to load user with ID: 540
အိမ်မှာ ကိုယ်တိုင် အီကြာကွေးပြုလုပ်နည်း
Unicode
အိမ်မှာ ကိုယ်တိုင် အီကြာကွေးပြုလုပ်နည်း
ကျန်းမာရေးနဲ့အညီ အစားအသောက်များစားချင်ရင်တော့ အိမ်မှာအပင်ပန်းခံပြီး ကိုယ်တိုင်ပဲလုပ်စားလိုက်ပါ။ အိမ်မှာကိုယ်တိုင်လုပ်တဲ့ အီကြာကွေးလုပ်နည်းကိုတော့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ Baking Soda, Baking Powder, ဂျုံမှုန့်၊ ဆား၊ ဆီတို့လိုအပ်ပါမယ်။
ပထမဦးဆုံး ဂျုံမှုန့်၊ Baking Powder, Baking Soda အနည်းငယ်ခန့်၊ ဆားအနည်းခန့်ထည့်ပြီး အားလုံး သမအောင်ရောမွှေပေးပါ။
Spreads & Jams (70) ယိုမျိုးစုံလုပ်ငန်းများ (၇၀) ခုကိုရှာရန်နှိပ်ပါ။
အားလုံးသမသွားပြီဆိုရင်တော့ ဆီအနည်းငယ်ထည့်ပြီး ရေနွေးနွေးလေးအနည်းကို နည်းနည်းချင်းထည့်ပြီး မွှေပေးထားပါ။ ပြီးနောက် နှံ့အောင်မွှေပေးထားပါ။ မုန့်သားပျော့အောင် လက်ဖြင့်နယ်ပြီး ပန်းကန်တွင် ပေါက်ပေးပါ။
မုန့်သားမညက်တညက်ဖြစ်လာရင် မုန့်သားကို တစ်နာရီခန့် အဖုံးဖုံးပြီး နှပ်ပေးထားပါ။
ပြီးနောက် မုန့်သားကို (၆) နာရီခန့်ထပ်နှပ်ပေးထားပါ။
ပြီးရင်တော့ မုန့်လုပ်မယ့်ခုံပေါ်ကို ဆီအနည်းလူးပေးပါ။ မုန့်သားမကပ်အောင်ပါ။ ပြီးနောက် နှပ်ထားတဲ့ မုန့်သားကို တင်လိုက်ပါ။
လက်ကိုလည်းဆီအနည်းငယ်သုပ်ပြီး ဒလိမ့်တုံးကိုလည်းဆီအနည်းသုပ်ပြီး နှပ်ထားတဲ့မုန့်ကို ဒလိမ့်တုံးနဲ့ မိမိတို့လိုချင်တဲ့ အထူရအောင်လှိမ့်ပေးပါ။
Read More >>>>>  ကြက်ရခိုင်ချက် ချက်စားကြရအောင်
ပြီးလျှင် နှပ်ထားတဲ့မုန့်ကို ဆီအနည်းသုပ်ပြီး လက်ဖြင့် တစ်ဖတ်ဖတ်ရိုက်ပေးပါ။ နောက်တစ်ဖက်လှည့်ဆီစွပ် လက်ဖြင့် တစ်ဖတ်ဖတ်ရိုက်ပေးပါ။
ပြီးနောက် မုန့်သားကို မိမိတို့လိုချင်တဲ့ ဆိုက်ရအောင်ဖြတ်လိုက်ပါ။ ဖြတ်ပြီးရင် ရေတစ်ခွက်ကိုခပ်ပြီး တူချောင်းကိုရေစွပ်၍ ဖြတ်ပြီးသား မုန့်ပေါ်တွင် အရာပေးလိုက်ပါ။ ပြီးလျှင် နောက်မုန့်တစ်ခုထပ် ရေစွပ် တူချောင်းရာထပ်ပေးလိုက်ပါ။
အားလုံးပြီးသွားပြီဆိုရင်တော့ ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ကြော်မည့် မုန့်သားကို လိမ်ပြီးဒယ်အိုးထဲထည့်ကြော်ပြီး မွှေပေးနေရပါမယ်။ မမွှေပေးရင်တော့ အီကြာကွေးအပွမညီဘဲဖြစ်သွားပါလိမ့်မယ်။
အားလုံးကြော်ပြီးပြီဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အီကြာကွေးကို လက်ဖက်ရည်နဲ့ဖြစ်ဖြစ်၊ ကော်ဖီနဲ့ဖြစ်ဖြစ် ပဲပြုတ်နဲ့ဖြစ်ဖြစ် အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။
Myanmar Food Industry Directory
Zawgyi
Read times Last modified on Wednesday, 04 March 2020 10:56
Rate this item
(1 Vote)