Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ်သမားများအတွက် မှိုနှင့် ပင်စိမ်းရွက် အစပ်ချက်

Unicode >>>>

သက်သတ်လွတ်သမားများအတွက်  မှိုနှင့် ပင်စိမ်းရွက် အစပ်ချက်


သက်သတ်လွတ်စားမည့်သူများအတွက် အိမ်တွင် ထမင်းမြိန်မြိန်ဖြစ်စေမည့် မှိုနှင့် ပင်စိမ်းရွက်အစပ်ချက်နည်း လေးကို တင်ပြပေးလိုက်ပါတယ်။


Confectionary မုန့်မျိုးစုံလုပ်ငန်းများ (၄၆) ခုကိုရှာရန်နှိပ်ပါ။


လိုအပ်သည့်အမယ်များကတော့ ကောက်ရိုးမှို၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပင်စိမ်းရွက်၊ ငရုတ်သီးစိမ်း၊ ဆား၊ နနွင်းမှုန့်၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့် နှင့် ဆီ တို့လိုအပ်ပါမယ်။


ပထမဦးဆုံး ကောက်ရိုးမှို အလုံးလေးတွေကို သန့်ရှင်းရေးလုပ်ပြီး လေးစိတ်ရအောင် လှီးထားပါ။ ခရမ်းချဉ်သီးကို မထူမပါးလေး လှီးထားပေးပါ။


ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို အခွံနွှာ ရေဆေးပြီး မညက်တညက်လေး ထောင်းထားပါ။ ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီး မညက်တညက်လေး ထောင်းထားပါ။ ပင်စိမ်းရွက်ကို ရေဆေးပြီး အညွန့်လေးတွေနဲ့ အရွက်လေးတွေ ခြွေထားပါ။


မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဆီထည့်လိုက်ပါ။ ဆီပူလာလျှင် နနွင်းမှုန့်အနည်းငယ်ထည့်လိုက်ပါ။ ပြီးလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် ငရုတ်သီးစိမ်းတွေထည့်ပြီး မီးအားလျှော့ပြီး ဆီသတ်လိုက်ပါ။


ပြီးနောက် ခရမ်းချဉ်သီးထည့်ပြီး ဆီသတ်ပါ။ ခရမ်းချဉ်သီးနွမ်းပြီဆိုရင် လေးစိတ်လှီးထားတဲ့ မှိုလေးတွေထည့်ပါ။ ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် ထည့်ပြီး အားလုံးသမအောင်မွှေပေးပါ။ ပြီးလျှင် ဒယ်အိုးအဖုံးအုပ်ပြီး ဆက်တည်ထားပေးပါ။


မိနစ်အနည်းငယ်ကြာရင် ဒယ်အိုးအဖုံးဖွင့်ပြီး မွှေပေးပါ။ မှိုနူး မနူးကြည့်ပါ။ မှိုမနူးသေးရင် ရေနွေးအနည်းငယ် ဖျန်းထည့်ပြီး နူးအောင်ချက်ပါ။ ပြီးနောက် အပေါ့အငန်မြည်းပြီး အရသာထပ်ဖြည့်ပါ။


Read More >>>>>  စားလို့အရမ်းကောင်းတဲ့ လက်ဖက်ပုစွန် ထမင်းကြော်


နောက်ဆုံးမှ ပင်စိမ်းရွက်လေးကို မှိုပေါ်မှာ အုပ်လိုက်ပြီးလျှင် အနံ့အရသာနှင့်ပြည့်စုံတဲ့ မှိုနှင့်ပင်စိမ်းရွက်အစပ်ချက်လေးကို ထမင်းပူပူနှင့် အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

Zawgyi >>>>

 

သက္သတ္လြတ္သမားမ်ားအတြက္  မႈိႏွင့္ ပင္စိမ္းရြက္ အစပ္ခ်က္

 

သက္သတ္လြတ္စားမည့္သူမ်ားအတြက္ အိမ္တြင္ ထမင္းၿမိန္ၿမိန္ျဖစ္ေစမည့္ မိႈႏွင့္ ပင္စိမ္းရြက္အစပ္ခ်က္နည္း ေလးကို တင္ျပေပးလိုက္ပါတယ္။

 

Confectionary မုုန္႔မ်ိဳးစံုလုပ္ငန္းမ်ား (၄၆) ခုကိုရွာရန္ႏွိပ္ပါ။

 

လုိအပ္သည့္အမယ္မ်ားကေတာ့ ေကာက္႐ုိးမႈိ၊ ခရမ္းခ်ဥ္သီး၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ပင္စိမ္းရြက္၊ င႐ုတ္သီးစိမ္း၊ ဆား၊ နႏြင္းမႈန္႔၊ ပဲငံျပာရည္၊ ဟင္းခတ္မႈန္႔ ႏွင့္ ဆီ တုိ႔လိုအပ္ပါမယ္။

 

ပထမဦးဆံုး ေကာက္႐ုိးမႈိ အလံုးေလးေတြကုိ သန္႕ရွင္းေရးလုပ္ၿပီး ေလးစိတ္ရေအာင္ လွီးထားပါ။ ခရမ္းခ်ဥ္သီးကုိ မထူမပါးေလး လွီးထားေပးပါ။

 

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီႏွင့္ င႐ုတ္သီးစိမ္းတုိ႔ကုိ အခံြႏႊာ ေရေဆးၿပီး မညက္တညက္ေလး ေထာင္းထားပါ။ ငရုတ္သီးစိမ္းကုိလည္း အညွာေျခြ၊ ေရေဆးၿပီး မညက္တညက္ေလး ေထာင္းထားပါ။ ပင္စိမ္းရြက္ကို ေရေဆးၿပီး အညြန္႔ေလးေတြနဲ႔ အရြက္ေလးေတြ ေျခြထားပါ။

 

မီးဖိုေပၚ ဒယ္အိုးတင္ၿပီး ဆီထည့္လိုက္ပါ။ ဆီပူလာလွ်င္ နႏြင္းမႈန္႔အနည္းငယ္ထည့္လိုက္ပါ။ ၿပီးလွ်င္ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ ႏွင့္ င႐ုတ္သီးစိမ္းေတြထည့္ၿပီး မီးအားေလွ်ာ့ၿပီး ဆီသတ္လိုက္ပါ။

 

ၿပီးေနာက္ ခရမ္းခ်ဥ္သီးထည့္ၿပီး ဆီသတ္ပါ။ ခရမ္းခ်ဥ္သီးႏြမ္းၿပီဆုိရင္ ေလးစိတ္လွီးထားတဲ့ မိႈေလးေတြထည့္ပါ။ ဆား၊ ဟင္းခတ္မႈန္႔၊ ပဲငံျပာရည္ ထည့္ၿပီး အားလံုးသမေအာင္ေမႊေပးပါ။ ၿပီးလွ်င္ ဒယ္အိုးအဖံုးအုပ္ၿပီး ဆက္တည္ထားေပးပါ။

 

မိနစ္အနည္းငယ္ၾကာရင္ ဒယ္အိုးအဖံုးဖြင့္ၿပီး ေမႊေပးပါ။ မိႈႏူး မႏူးၾကည့္ပါ။ မိႈမႏူးေသးရင္ ေရေႏြးအနည္းငယ္ ဖ်န္းထည့္ၿပီး ႏူးေအာင္ခ်က္ပါ။ ၿပီးေနာက္ အေပါ့အငန္ျမည္းၿပီး အရသာထပ္ျဖည့္ပါ။

 

Read More >>>>>  စားလုိ႕အရမ္းေကာင္းတဲ့ လက္ဖက္ပုစြန္ ထမင္းေၾကာ္

 

ေနာက္ဆံုးမွ ပင္စိမ္းရြက္ေလးကို မိႈေပၚမွာ အုပ္လိုက္ၿပီးလွ်င္ အနံ႔အရသာႏွင့္ျပည့္စံုတဲ့ မိႈႏွင့္ပင္စိမ္းရြက္အစပ္ခ်က္ေလးကို ထမင္းပူပူႏွင့္ အရသာရွိစြာ တြဲဖက္သံုးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory

 

Read times Last modified on Tuesday, 10 March 2020 17:17
Rate this item
(0 votes)